အပိုင္း ၂၆

4.8K 402 8
                                        

[Unicode] "လုပ်လိုက်ရင်တလွဲ   အသုံးကိုမကျဘူး "

နည်းပြ၏ဆူပူကြိမ်းမောင်းခြင်းကို ရောင်စဉ်ခံရလေပြီ။

"ဆရာ.....မတော်တဆဖြစ်သွားတာ...."

"ဘာမတော်တဆလဲကွ....သွားသွား   ဆင်းတော့ "

နည်းပြကဆူပူငေါက်ငမ်းလိုက်၍ မျက်နှာငယ်လေးနဲ့သူထွက်လာခဲ့သည်။

ဂိုးသမားခမျာ နှာခေါင်းသွေးတွေလျှံကျလာ၍ ဆေးကုသဆောင်ပို့ဆောင်ခြင်းခံလိုက်ရလေသည်။

"ရောင်စဉ်ရယ် ဖြစ်ရလေ "

ဂျူးဂျူးမေနဲ့ စေရာလည်းသူ့ကိုနှစ်သိမ့်ပေးကြ၏။

"တော်ပြီဟာ...နင်တို့ပြန်တော့.....ငါ့ကိုဘာမှလာမပြောနဲ့."

သူငယ်ချင်းတွေရှေ့မှာအဆူခံရ၍ ရှက်နေသည်ကပိုသေး။ မျက်ရည်ဝဲလည်နေသောသူ့မျက်ခွက်လေးဟာ ရှက်လွန်းနေ၍နီမြန်းနေသည်။

"သွားစို့ သူရှက်နေပြီ😁😁"

ဂျူးဂျူးမေလည်းသူ့အထာသိ၍ စေရာကိုပြန်ဖို့လက်တို့လေသည်။

"သြော် ရောင်စဉ်ငါတို့ပြန်ပြီနော်..."

စေရာလည်းအထာသိစွာ ဂျူးဂျူးမေနှင့်အတူပြန်သွားကြလေသည်။

*ဟင့် ငါလည်းကန်ဆိုလို့ကန်တာပဲကို....ကန်တော့လည်းအကောင်းမပြောဘူး ဂိုးသမားမှားတာ သူ့ဘာလို့ဘောလုံးရှေ့ရပ်နေလဲ 😭😭😭*

"တစ်ယောက်တည်းကျန်ခဲ့မယ် မပြန်သေးဘူးလား"

ရုတ်တရက် သက်တံ့သူ့ရှေ့ရပ်ပြီး မေးလိုက်တာကြောင့် သူမျက်နှာလေးဆူပုတ်ပြီးလှမ်းကြည့်လိုက်သည်။

"ပြန်မှာပေါ့.....မပြန်ပဲငါကတညလုံးနေရမှာလား....ငါ့ကိုလာပြောလို့သိက္ခာကျနေဦးမယ် "

ရောင်စဉ် စိတ်မကြည်စွာနဲ့ ထိုင်နေရာမှတန်းထလိုက်သည်။

"အမယ်လေးဗျ........"

ထလိုက်စဉ် အမှတ်တမဲ့ခြေခေါက်ပြီး သူယိုင်သွား၏။ သက်တံ့လည်းအမှတ်တမဲ့မို့ သူ့ကိုလှမ်းဖက်လိုက်မိသည်။ နှစ်ယောက်သားနီးကပ်သွားစဉ် ရောင်စဉ် သူ့မျက်နှာကိုမရဲတရဲမော့ကြည့်လိုက်မိသည်။ သူ့အပေါ်အုပ်မိုးထားသောသက်တံ့အကြည့်တို့ကားစူးရှလျက်.........

ေခ်...ေခ်...ေခ်...(complete) Место, где живут истории. Откройте их для себя