အပိုင္း ၁၅

5.1K 428 4
                                        

(Unicode) ရောင်စဉ်အတန်းကနေ မောပန်းစွာပြန်လာလေသည်။

"အမယ်လေးဗျာ.......မောလိုက်တာ"

အခန်းထဲရောက်တော့ ကုတင်ပေါ့် ချက်ချင်းပက်လန်လန်သွားတော့သည်။ ရဲသွေးကတော့ mobile legalကစားနေခြင်း။ သူ့ကိုစောက်ဖက်တောင်မလုပ်နိုင်။

"ရဲသွေး ဟိုတစ်ယောက်ဆေးရုံကဆင်းပြီလားမသိဘူးနော်"

"မင်းအလုပ်မှမဟုတ်တာ ဘာလို့သွားပူနေတာလဲ ချကွ သေပါပြီ ပြန်သတ် ပြန်သတ်"

ရဲသွေးတစ်ယောက် အားကြိုးမာန်တက်ဂိမ်းကစားနေသည်။

"ဒီကောင်တော့လား စာသာအဲ့လိုကြိုးစားရင်ကောင်းမယ် ဆရာမက calculater ဝယ်ခိုင်းတာဝယ်ပြီးပြီလား တစ်ခုကိုတစ်သောင်းလောက်မှပစ္စည်းကောင်းတာတဲ့ ငါဘယ်လိုလုပ်ရမယ်မသိ။ "

"ဘာ.....   တစ်.... တစ်...တစ်သောင်း"

ငွေအကြောင်းကြားတော့ ရဲသွေးတက်လုမတတ်ပင်။

"ဟေ့ကောင် စိတ်ထိန်းပါဟ လိုအပ်နေတာဝယ်ရမှာ နှမြောမနေပါနဲ့တော့ 7500တန် 5000တန်တွေလည်းရှိပါတယ် ပစ္စည်းကတော့တစ်သောင်းတန်လောက်ဘယ်ခိုင်ပါ့မလဲ "

"ငါးထောင်တန်ကတော်သေး ဘယ်သွားဝယ်ရမှာလဲ"

"Mainကျောင်းနားက ဆိုင်မှာရှိတယ်ပြောတယ် မနက်ဖြန်မှမပါရင် ဆရာမကဒဏ်ငွေကောက်မယ်တဲ့ ဟိုကောင်ဘယ်အခန်းမှာနေတာလဲမသိဘူး ဆေးရုံကဆင်းပြီလားမသိဘူး သူ့ကိုသွားပြောရအောင်"

"မင်း အဲ့ကောင်ကိုပါးစပ်ဖျားကမချပါလား မင်းမုန်းတဲ့ကောင်ပဲလေ အဲ့ဒါမဝယ်ခဲ့လို့ သူဒဏ်ငွေအကောက်ခံရရင် မင်းဝမ်းသာရမှာပေါ့ဟ"

"အင်းလေ ဟုတ်ပါတယ် သူ့ဘာသူဘယ်လိုနေနေငါနဲ့မှမဆိုင်တာ နော့်"

နှစ်ယောက်သား ပစ္စည်းဝယ်ထွက်သွားကြလေသည်။

နောက်နေ့မှာ အတန်းချိန်ရောက်တော့
Statဆရာမ calculatorစစ်ပါတော့သည်။

"သက်တံ့၁ ဘာလို့မပါခဲ့တာလဲ ဆရာမသေချာဝယ်ခိုင်းထားတယ်လေ"

"မသိလို့ပါ ကျွန်တော်နောက်သေချာဝယ်ခဲ့ပါ့မယ် "

"ဆရာမ မင်းတို့ကိုအချိန်တော်တော်ပေးခဲ့ပြီ အခုထိမပါလာဘူးဆိုတော့ ဆရာမကိုမလေးစားရာကျတယ် "

ေခ်...ေခ်...ေခ်...(complete) Où les histoires vivent. Découvrez maintenant