အပိုင္း၆၉

3.7K 290 9
                                    

(Uni) ယခင်အတိတ်ကသူ့ကိုတိုက်ခဲ့သောကားတစ်စင်း...သူပြန်မြင်ယောင်ရင်းတကိုယ်လုံးနာကြင်သလိုဖြစ်ပြီးခေါင်းတွေမူးဝေကာ.ထိုနားမှာထိုင်ချလိုက်သည်။

"ရောင်စဉ်........ရောင်စဉ်........."

ကံကောင်းထောက်မ၍ ရဲသွေးသူ့ကိုရှာတွေ့သွားလေသည်။
လမ်းဘေးမှာထိုင်ပြီးတုန်ရီနေသောသူ့ပုခုံးလေးကို ရဲသွေးလှမ်းထိန်းလိုက်သည်။

"ရောင်စဉ်.....အဆင်ပြေရဲ့လား.....ရောင်စဉ်"

"ငါကြောက်တယ်....ရဲသွေး......ငါ့ကိုကူပါဦး.....ဘယ်သူလဲမသိဘူး.....ဘယ်ကမှန်းမသိတဲ့သူတစ်ယောက်ငါ့ကိုနာကြင်အောင်လုပ်နေတယ်...."

ရုတ်တရက်ကြီးသူ့နာမည်ကိုရောင်စဉ်နူတ်ဖျားကလွှတ်ခနဲထွက်လာ၍ ရဲသွေးဝမ်းသာမိပါသည်။

"ရောင်စဉ်ရယ်....မကြောက်ပါနဲ့....လာ....အိမ်ပြန်ရအောင်...ငါကူပေးမယ်"

ရဲသွေးသူ့ကိုဖေးမပြီးကူထူပေးလိုက်သည်။ ရောင်စဉ်တစ်ယောက်ရဲသွေးကိုအမှီပြု၍ အိမ်သို့ပြန်လာခဲ့ရသည်။

"သားရယ်....ဘယ်လို့ဖြစ်ရတာလဲ....ဘယ်တွေသွားနေတာလဲ"

သူ့အဖေလည်း ရောင်စဉ်ကိုမြင်တော့စိတ်ပူကာပွေ့ဖက်လိုက်လေသည်။ ရောင်စဉ်တစ်ယောက်မှာ ကြောက်လန့်မူတွေနဲ့အတူချွေးတွေပျံကာတူန်ခိုက်နေသည်။ ဘာစကားမှလည်းမပြောပဲ...သူကြောက်၍နေသည်။

"သားတို့ရယ်...သူ့ကိုအခန်းထဲပြန်လိုက်ပို့လိုက်ပါကွယ်....ဦးလေးအရမ်းစိတ်မကောင်းဖြစ်မိလို့....."

ရဲသွေးလည်းသူ့ကိုထိန်းကာအခန်းသု့ိထွက်သွားလေသည်။

ရောင်စဉ်အခန်းထဲရောက်သည်အထိထိုတစ်ယောက်အကြောင်းကိုစဉ်းစားနေတုန်း။ ရဲသွေး သူ့ကိုကုတင်ပေါ်သို့ထိုင်စေလိုက်သည်။ ရောင်စဉ်စားပွဲကိုတစ်ချက်မျက်စိရောက်သွားသည်။

"ရောင်စဉ်အဆင်ပြေရဲ့လား......."

ရဲသွေးမေးမှ ရောင်စဉ်သူ့ဘက်ကိုလှည့်ကြည့်လိုက်သည်။

"ငါအဆင်ပြေပါပြီ...ရဲသွေး...."

"မင်းငါ့ကိုမှတ်မိပြီနော်....ရောင်စဉ်...."

ေခ်...ေခ်...ေခ်...(complete) Hikayelerin yaşadığı yer. Şimdi keşfedin