အပုိင္း ၁၇

4.8K 403 13
                                        

(Unicode) ဂျူးဂျူးမေနဲ့စကားပြောပြီးနောက် သက်တံ့ထပြန်သွားသည်။ ဂျူးဂျူးမေတစ်ယောက်သာ ခုံပေါ်မှာကျန်ခဲ့သည်။

"သူပြောသွားတာ LGBTဆန်သလားလို့ 😁😁မဟုတ်မှလွဲရော သူလည်းLGBTနားလည်သလား 😱😱😱"

သူမမျက်နှာတွေပူပြီး ဖုန်းကိုတစ်ချက်ထုတ်ကြည့်သည်။

Fujushiမမဆိုတာ ဒါမျိုးပေါ့။ welcomeပွဲနေ့က သူပွဲမှာရှိနေခဲ့သည်။ မလာနိုင်ဘူးညာပြောကာ အကွက်ဆင်ခြင်းပင်။ သက်တံ့ ရောင်စဉ်ကိုနမ်းလိုက်တဲ့ပုံလေးကို သေချာစွာဓာတ်ပုံအကြည်ရိုက်သိမ်းထားသေးသည်။

"ငါ သူတို့နှစ်ယောက်ကို shipတယ် 😂😭😭😭"

fujushiမမရဲ့ ဆန္ဒပြည့်လာပါဦးမလားကွယ်.......................

အတန်းချိန်တစ်ချိန်ပြီး၍ နောက်တစ်ချိန်ဆက် ကြားလွတ်ချိန်မှာ သက်တံ့သန့်စင်ခန်းသို့ထွက်သွားလေသည်။ နဂိုကတည်းကအပိုးမသေသေးသောစေရာ ထပ်ကြပ်မကွာလိုက်သွားလေသည်။ ဤသည်ကို ရောင်စဉ်သတိမထားမိလိုက်။

"စေရာ မြန်မြန်ပြန်လာခဲ့နော် ပျင်းထာ စာသင်ရတာ ကျောညောင်း"

စေရာသန့်စင်ခန်းထဲရောက်တော့ သက်တံ့လက်ဆေးနေတာကိုတွေ့လိုက်ရသည်။

"မင်းကို မနေ့ကတည်းကစိတ်ကြည်သေးတာမဟုတ်ဘူး"

စေရာရဲ့အမုန်းစကားတွေကြောင့် သက်တံ့သူ့ကိုလှည့်ကြည့်လိုက်သည်။

"ငါမင်းကိုဘာလုပ်လို့ မင်းကမကြည်နေတာလဲ မင်းမကြည်တာနဲ့ငါနဲ့ဘာဆိုင်လို့လဲ"

"မြေကြီးနဲ့ခြေထောက်လွတ်နေတဲ့အကောင် "

စိတ်တွေတိုပြီးပြောရင်းဆိုရင်း သက်တံ့ကိုလက်သီးနဲ့ထိုးလိုက်ခပ်ပြင်းပြင်းထိုးချလိုက်သည်။    ........... ခွပ်.............

"မင်း အကို့ကိုထိုးတဲ့အတွက်ပြန်လက်စားချေတာ "

သက်တံ့နူတ်ခမ်းကသွေးများကိုလက်မနဲ့ပြန်သပ်လိုက်ပြီး သူ့ကိုစိုက်ကြည့်လေသည်။

"မင်း သတိထားပြီးနေ ငါဘာလို့သူ့ကိုထိုးတာလဲဆိုတာ မင်းတနေ့သိလာလိမ့်မယ်"

ေခ်...ေခ်...ေခ်...(complete) Место, где живут истории. Откройте их для себя