အပိုင္း ၃၀

6.1K 193 10
                                        

[Unicode] "ယား........ စိတ်တိုလိုက်တာ.......စေရာမင်းရေ...ဘယ်မှာသေနေတာလဲ...."

ဖုန်းတဂွမ်ဂွမ်ဆက်နေပေမယ့် တစ်ဖက်ကမကိုင်သောကြောင့် ရောင်စဉ်စိတ်တိုလာသည်။

"စေရာမင်းရေ....မင်းဖုန်းကတပ်ဆင်ထားခြင်းမရှိဘူးဆိုတော့ဘယ်ရောက်နေလို့လဲဟ......."

စပါပြီ။ ကျောင်းစဖွင့်တာနဲ့အဆောင်မှာ ရောင်စဉ်အသံတွေပွက်လောက်ရိုက်နေပါပြီ။ 😂😂😂

ရဲသွေးတစ်ယောက်လည်း နားတွေကိုလက်နှစ်ဖက်နဲ့ပွတ်နေရသည်။

"ရောင်စဉ်ရေ အသံလေးလျော့ဟ......ဒုတိယနှစ်ရောက်နေပြီနော်...ကလေးလုပ်မနေနဲ့"

"ဟင့်အင်း ဟင့်အင်း ဒုတိယနှစ်ရောက်လည်းငါ့အကျင့်ကပျောက်မှမပျောက်တာ.....စေရာကိုဖုန်းဆက်မရဘူး....သူငါတို့ကိုအဆက်ဖြတ်ထားတာလားမသိဘူး"

ရောင်စဉ်ပြောစကားတွေကြောင့် ရဲသွေးလည်း စေရာကိုစိတ်ပူလာသည်။

"အဆောင်ကိုသွားကြည့်ရမလား......"

"အင်း....ငါလည်းရွှေဖြူဆောင်ရောက်ဖူးတာပေါ့ သွားရအောင်"

နှစ်ယောက်သား အကြံတူညဏ်တူ ရွှေဖြူဆောင်သို့ထွက်လာခဲ့လေသည်။

"ဘယ်သူနဲ့တွေ့ချင်လို့လဲ"

မျက်နှာထားတည်တည်အဆောင်မူးကြောင့် ရောင်စဉ် သက်တံ့ကိုပြေးမြင်သွားသည်။

*မျက်ခွက်ကအချေစတိုင် သက်တံ့နဲ့တောင်သွားတူနေတယ် 😂😂😂*

"စေရာမင်းနဲ့တွေ့ချင်လို့ပါ...."

"အဲ့ဒီကောင်လေးလား....မရှိဘူး အခု"

"ဗျာ.....မရှိဘူး? ဘယ်.ဘယ်သွားတာလဲ"

"ဒါတော့ငါဘယ်သိမလဲ....ခုနကထွက်သွားတာမြင်တယ် ဘယ်သွားတာလဲဆိုတော့ကိုယ့်ဘာကိုစုံစမ်းပေါ့"

အပေါက်ဆိုးသောအဆောင်မူးစကားကြောင့် သူတို့နှစ်ယောက်ဘာဆက်လုပ်ရမယ်မသိ။ ဒီတိုင်းပဲပြန်ထွက်လာလေကြသည်။

"ဟာ.....ပထမနှစ်လေးကိုပြန်လွမ်းသလိုပဲ......ငါတို့သုံးယောက်oceanကိုတူတူသွားခဲ့တာတွေ ကန်တင်းတူတူထိုင်ခဲ့ကြတာတွေ........ခုစေရာကငါတို့ကိုရှောင်နေသလိုပဲနော်...."

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now