အပိုင္း၅၄

4.7K 312 3
                                    

[Unicode] "ဘယ်လို...သမီး....စေ့စပ်မယ်....."

"ဟုတ်တယ်လေ အမေရဲ့. .လက်ထပ်ပွဲရဲ့နိဒါန်းကစေ့စပ်ခြင်းလေ သက်တံ့နဲ့သမီးက ဘွဲ့ရရင်လက်ထပ်ကြတော့မှာပဲလေ...အဲ့ဒီတော့အရင်ဆုံးစေ့စပ်ချင်လို့ပါ...အမေခွင့်ပြုတယ်မလားဟင်"

သက်တံ့ဆီမှာတစ်ယောက်ယောက်ရှိနေတာကိုရိပ်မိတာ နှင်းလည်းအမြန်စီစဉ်ရတော့သည်။

"အင်း.....သမီးသဘောပေါ့ကွယ်....သားကအခုမုံရွာမှာလေ....
သားကိုအရင်အကြောင်းကြားပြီးပြန်လာခိုင်းရမလားကွယ်"

"သြော်....မလိုပါဘူး...အမေ.....supriseဖြစ်သွားစေချင်တယ် အသိမပေးပါနဲ့....သမီးတို့မုံရွာမှာနေရာကောင်းတစ်ခုစီစဉ်ပြီးလုပ်ကြမယ်လေ မဟုတ်ဘူးလား.....သမီးမိဘတွေလည်းသဘောတူပါတယ်....သက်တံ့ကိုအဲ့ဒီအခါမှမိဘတွေနဲ့ပေးတွေ့ရတာပေါ့"

"အင်း...ကောင်းသားပဲသမီးရယ်....ဘယ်နေ့စီစဉ်ကြမလဲ...."

"မြန်နိုင်သလောက်မြန်မြန်ပေါ့အဖေရယ် "

သူမကတော့ ချက်ချင်းဆိုသလို သက်တံ့ကိုရဖို့အတွက် နည်းလမ်းဆင်နေပေသည်။

အခန်းမှာရေမရှိတော့၍ စေရာရေဗူးသွားဝယ်ပြီး မနိုင်မနင်း မလာတာကို ရဲသွေးမြင်သွားသည်။

"စေရာ.....စေရာ....မလုပ်နဲ့လေ.....ငါလုပ်မယ်.....ပေး.ပေး"

သူ့လက်ထဲကနေ ရေဗူးကြီးကို ရဲသွေးအတင်း မ ယူလိုက်သည်။

"ရပါတယ်ရဲသွေး.....ငါတို့အခန်းအတွက်ပဲ....ငါလုပ်သင့်တယ်လေ"

"မဟုတ်တာ.....ကျူ တာဆရာလောင်းလေးကို အလေးအပင်မ မခိုင်းပါဘူးဗျာ....ပေး"

ရဲသွေး ရေဗူးကြီးကို မပြီးအခန်းထဲယူသွားလေသည်။ စေရာ အားနာနာနဲ့လိုက်သွားလေသည်။ ရေဗူးကိုရဲသွေးနေရာတကျထားရင်း.......

"ကဲ....ရပြီဗျာ......"

"ရဲသွေး.....မင်းဘာလို့ငါ့အပေါ်အရမ်းကောင်းနေတာလဲ"

စေရာအားနာနေသည့်ပုံစံနှင့် ရဲသွေးအားမေးမိသည်။ ရဲသွေးလည်းသူ့ဘက်ကိုလှည့်ကြည့်ပြီးပြုံးမိပါသည်။

"ဟာ....မမေးပါနဲ့...သူငယ်ချင်းမို့လို့ကောင်းတာပေါ့...မင်းကငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းမို့လို့ပါ"

ေခ်...ေခ်...ေခ်...(complete) Unde poveștirile trăiesc. Descoperă acum