အပိုင္း၆၇

3.7K 273 12
                                    

(Uni) "သက်တံ့ရောင်ရဲ့လူနာရှင်ရှိပါသလား........"

နာ့စ်မရဲ့ခေါ်သံကြောင့် ဦးမြင့်မောင်ပြာယာခတ်ရပြန်သည်။

"ဆရာမ...ကျုပ်ပါ....လူနာအခြေအနေဘယ်လိုလဲဟင်"

ခွဲစိတ်ခန်းကနေ hospital bedနဲ့သယ်လာသော ခေါင်းမှာပတ်တီးနဲ့မေ့မျောနေသောရောင်စဉ်ကြောင့် ဦးမြင့်မောင်အသည်းခိုက်လှ၍မကြည့်ပဲနေမိသည်။

"ခွဲစိတ်မူအောင်မြင်ပါတယ် "

ဆရာဝန်ရဲ့ပြောစကားကြောင့် ဦးမြင့်မောင်အနည်းငယ်စိတ်သက်သာရာရသွားသလို။

"ဒါပေမယ့်............ "

နောက်ထပ်ဆက်လာမယ့်စကားကြောင့် ဦးမြင့်မောင်ထပ်ပြီးရင်ထိတ်ရပြန်သည်။

"ဒါပေမယ့် ဘာဖြစ်လို့လဲဆရာ"

"ထိခိုက်မူပြင်းထန်တဲ့အတွက် သူ့မှတ်ဉာဏ်တစ်ချို့ပျောက်ဆုံးနိုင်ပါတယ်....ဥပမာ..အတိတ်မေ့တာမျိုးပေါ့...."

"ဗျာ............"

တစ်ယောက်ကသေမည့်ကိန်းရှိနေပြီး...တစ်ယောက်ကအတိတ်မေ့မယ်ဆိုတော့ အရမ်းဆိုးရွားလွန်းတဲ့အဖြစ်မို့ ဦးမြင့်မောင်ခြေထောက်ပင်မခိုင်..လဲကျသွားလေတော့သည်။

"ဦးလေး....သတိထားပါဦး.....ဦးလေး....."

#########################

အဖြူ ရောင်ဝတ်စုံလေးနဲ့ကောင်လေးတစ်ယောက်....သူ့အ
နားကိုတဖြည်းဖြည်းလျှောက်လှမ်းလာ၍ ဝေဝါးနေသောအကြည့်နှင့်လှမ်းကြည့်မိပါသည်။

.........ခင်ဗျားဘယ်သူလဲ.................

မေးလိုက်တဲ့အမေးကြောင့် ထိုတစ်ယောက်ရဲ့နူတ်ခမ်းတွေမဲ့ပြုံးပြုံးလိုက်ပါသည်။ မုန်းတယ်.....သူ့ရဲ့အဲ့ဒီလိုအပြုံးတွေကဘာလို့ကျွန်တော့်ရင်ထဲတဆက်ဆက်တုန်ခါအောင်အမြင်ကပ်စရာကောင်းတာလဲမသိဘူး......အချေပြုံးပြုံးနေတဲ့လူတစ်ယောက်ပင်.....

.........ပြန်နေကောင်းလာတော့လေကွာ....မင်းသတိရသင့်နေပြီ........ထတော့......

တခါကျတော့လည်း သူ့အသံလေးကအရမ်းချစ်ဖို့ကောင်းနေသလား.....သူ့စကားတွေထဲမှာကြင်နာစိတ်ရှိမှန်းကျွန်တော်ခန့်မှန်းမိပါတယ်...

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now