အပိုင္း ၂၅

4.9K 375 15
                                    

[Unicode] "မရတော့ဘူး.......အား........မောလိုက်တာ.........."

"ပြေးထား ဆက်ပြေးမယ်  အားမလျှော့နဲ့ "

နည်းပြဆရာကအတင်းအော်ပြီးအမိန့်ပေးနေသော်လည်း ရောင်စဉ်ဆက်မပြေးနိုင်တော့။ ခြေကုန်လက်ပန်းကျကာ နဖူးမှာချွေးတွေတွဲလွဲခိုလာသည်။

"ကျောနံပါတ် ၅ ဘာလို့ရပ်နေတာလဲ ဆက်ပြေးလေ"

နည်းပြဆရာကအော်လိုက်၍ ရောင်စဉ် ထိုင်နေရာမှပြန်ထလိုက်သည်။

"ဆရာ ခဏနားလို့မရတော့ဘူးလား မောတာ"

"ခဏပဲရှိသေးတာကို ရေသာမခိုနဲ့ ထ"

ဆရာကအတင်းငေါက်၍ ရောင်စဉ်ဆက်ပြေးရလေပြန်သည်။

တညနေလုံးအပြေးလေ့ကျင့်နေရတာနဲ့ ရောင်စဉ်ဘောလုံးမကန်ရသေးပဲ အမောဖောက်သေကိန်းရှိသည်။ 😂😂

သူယူလာသောရေဗူးမှာလည်း သူများတွေဝိုင်းသောက်ကြ၍ တစ်စက်မှတောင်မကျန်တော့။ ရေဆာနေတာတောင်မသောက်ရပဲဆက်ပြေးနေရတော့ ဘယ်ဘဝကဝဋ်ကြွေးများပါလိမ့်ဟု တွေးမိသည်။

"အမယ်လေး.....မရတော့ဘူး    မောတာ"

ရောင်စဉ် ရပ်နေသောကျောနံပါတ်၂ရဲ့ပုခုံးပေါ်လက်တင်ပြီး ခဏအပန်းဖြေလိုက်မိသည်။

"ဆရာအရမ်းခိုင်းတာပဲကွာ....မောတာ"

ထိုသူ ရောင်စဉ်ကိုတစ်ချက်လှည့်ကြည့်လိုက်ပါသည်။

"အင်.......သွားပြီ"

ဘောလုံးသမားဝတ်စုံတွေနဲ့ဆိုတော့ သက်တံ့မှန်းသေချာမခွဲခြားမိပဲ သူ့သူငယ်ချင်းထင်ပြီး ဤသို့ပြုမူမိခြင်းပင်။

သက်တံ့မျက်ခွက်ကြီးလည်းမြင်လိုက်ရော ချက်ချင်းလက်ကိုချကာ တစ်ဖက်သို့လှည့်ထွက်သွားသည်။

"ဟေ့........"

ထိုစဉ် သက်တံ့သူ့ကိုလှမ်းခေါ်လိုက်၍သူကြက်သီးထသွားသည်။

*ငါ့ကိုဘာပြသနာရှာဦးမှာလဲ.. ခေါ်ပြန်ပြီ*

ရောင်စဉ် မဝံ့မရဲနဲ့ သူ့ကိုလှည့်ကြည့်လိုက်သည်။

"ရော့.........."

အဝေးကနေရေဗူးတစ်ခုကို သူ့ဆီလှမ်းပစ်လိုက်သည်။ အမှတ်တမဲ့မို့ ရောင်စဉ် မနည်းဖမ်းလိုက်ရသည်။ ရေဗူးကိုကြည့်ပြီး ရောင်စဉ်အတွေးခေါင်သွားသည်။

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now