အပိုင္း ၂၇

4.7K 395 3
                                        

[Unicode] "အယ် ဘာတွေလဲမသိဘူး "

Tutorialဖြေမယ့်မေးခွန်းတွေကို ရောင်စဉ်ဘာမှမသိ။

သူ့အတွက်စာကအမြဲတမ်းအသစ်ပဲ 😅😂😂

သူ့ဘေးနားကနေ မလှူပ်မယှက်ရေးနေသော စေရာဆီသို့မျက်လုံးရောက်သွားသည်။

"စေရာ...ငါ့ကိုရောပြဦးဟ....ငါဘောလုံးပွဲနဲ့မို့စာမကြည့်ဖြစ်ဘူး.."

ရောင်စဉ်ထိုသို့ပြောတော့ စေရာသူ့ကိုမျက်စောင်းထိုးကြည့်သည်။

"ဘောလုံးပွဲမရှိရင်လည်းရမှာကျနေတာပဲ ရော့ ကြည့်..."

"ချီးထုပ်ကလည်း..... ဘောလုံးပွဲမရှိရင်ငါကြည့်မှာပေါ့ဟ"

"အေးအေး ပြောတာပဲ ဘောလုံးပွဲပြီးလို့စာမကြည့်ရင်ငါလာသတ်ပစ်မယ်"

😅😂😂"အေးအေး လာသတ် ခုတော့ကူးမယ်နော်😁😁"

စေရာဆီကနေသူမှိန့်မှိန့်ကြီးထိုင်ကူးနေတော့သည်။

Tutorialပြီးသွားချိန်..........

"အားလားလား ခါးညောင်းလိုက်တာ ခေါင်းစားလိုက်တာကွာ tutoဖြေရတာ"

ရောင်စဉ်သူကိုယ်တိုင်စဉ်းစားဖြေလာရသည့်စတိုင်နှင့်မို့ စေရာရယ်မိသည်။

"ဟာသကြီး....မင်းငါ့ထဲကကူးချလာတာပါနော်.."

"ရှူး  တိုးတိုး....ပါးစပ်ပိတ်.....လာ မြန်မြန် ငါဘောလုံးပွဲရှိသေးတယ် ဒီနေ့ဗိုလ်လုပွဲနော်....Statနဲ့ကန်မှာ..."

"ဟုတ်လား....Statနဲ့လား....ငါ့ကိုကိုလာကြည့်မလားမသိဘူး သူကStatကလေ"

"သြော်....လာကြည့်မယ်ထင်တယ် သွားရအောင်"

စေရာပုခုံးပေါ်လက်တင်ပြီး ရောင်စဉ်ထွက်သွားသည်။

*လာတာပေါ့ လာသင့်တာပေါ့....ပြသနာကောင်လေး....မင်းကြောင့်ငါ့အစီအစဉ်ပျက်သွားတာလေ...ငါ့အဖွဲ့တွေလည်းတော်တော်စိတ်တိုကြလို့ငါမနည်းဖြေရှင်းလိုက်ရတယ် တွေ့မယ်ပြသနာကောင်လေး......*

နေရာတစ်ခုမှာ ရောင်စဉ်ကိုအထင်လွဲကာအငြှိူးနှင့်ကြည့်နေသူ ချမ်းငြိမ်းနောင်.......

ဘောလုံးကွင်းဘေးမှာအားပေးသူတွေအများကြီးစုပြုံနေလျက်ရှိသည်။ အားပေးသံတခဲနက်ဖြင့်ဆူညံနေပေသည်။ လေ့ကျင့်ပေးထားသောနည်းပြကြောင့် ရောင်စဉ်အတော်အသင့်တော့ကန်နိုင်လာပေသည်။

ေခ်...ေခ်...ေခ်...(complete) Donde viven las historias. Descúbrelo ahora