အပိုင္း၂

8.5K 666 19
                                    

(Unicode) "နှစ်ယောက်လား.....မင်းတို့ထဲကဘယ်သူကသက်တံ့ရောင်လဲ"

""ကျွန်တော်ပါ""

နှစ်ယောက်စလုံးပြိုင်တူဖြေကြ၍ တစ်ယောက်နဲ့တစ်ယောက်ပြန်စိုက်ကြည့်ကြသည်။ ရှေ့တန်းနဲ့နောက်တန်း အကြည့်တွေနှင့်တိုက်ပွဲဝင်နေကြသည်။

"ဘာလို့မင်းကငါ့နာမည်ကိုမှည့်ထားတာလဲ "

ကျူးကျူးကျော်ကျော် သက်တံ့ကို ထိုတစ်ယောက်ကပြောလိုက်၍ သက်တံ့စိတ်တိုသွားသည်။

"အောင်မာ မင်းကသာငါ့နာမည်ကိုယူထားတာကွ မနက်ကမင်းမလာဘူးမလား မနက်ကတည်းကငါကအတန်းထဲဝင်ပြီးသား အဲ့ဒီတော့သက်တံ့ရောင်ဆိုတာငါကအရင်ပဲ မင်းကနောက်က "

သက်တံ့တကယ်ကိုစိတ်တိုတိုနဲ့ ပွစိထိုးလာသည်။ ထိုသူကတော့မတုန်မလှူပ် အသက်မဲ့သောအပြုံးတစ်ခုနှင့်သူ့ကိုကြည့်သည်။

ထိုင်နေသောကျောင်းသားကျောင်းသူတွေမှာ သူတိူ့နှစ်ယောက်ကိုမော့ကြည့်နေကြသည်။

"ဘာမှမဆိုင်ဘူး မင်းကသာငါ့လိုလူချောတစ်ယောက်ရဲ့နာမည်ကိုအားကျလို့ယူမှည့်ထားတာပဲ ဖြစ်ရမယ်"

မဆီမဆိုင်နာမည်လေးတစ်ခုကြောင့် ထိုသူ့ကိုသက်တံ့ဝင်လုံးမိတော့မည်။

"သူ့ကိုယ်သူများချောတယ်တဲ့ အော့အော့ပဲ ဘဝင်လေဟပ်နေတဲ့ကောင် မင်းဘယ်နေရာကများချောနေလို့လဲ မင်းကသာငါ့နာမည်ကိုခိုးတာ"

ကြားထဲကနေ နာမည်ခေါ်လိုက်ရတဲ့ဆရာမက မျက်နှာပူရသည်။

"ဟဲ့ ဟဲ့ ရန်မဖြစ်ကြနဲ့လေ သူငယ်ချင်းတွေပဲဟာကို...ဆရာမပြန်ပြင်ပေးပါ့မယ် "

"ဆရာမကဘယ်လိုပြင်ပေးမှာလဲ"

"သက်တံ့၁ သက်တံ့၂ပေါ့"

"ဆရာမ ကျွန်တော်ကသက်တံ့၁ပဲလုပ်မှာ"

သက်တံ့ကလေးဆန်စွာ ဆရာမကိုပူဆာနေသည်။

"ဟေ့ကောင် မင်းကိုယ်မင်းလည်းပြန်ကြည့်ဦး မင်းကTopဖြစ်မလားဆိုတာ ငါကပဲTopဖြစ်မှာ.."

"ငါမင်းအောက်မှာမနေချင်ဘူး တန်မှမတန်တာ မင်းကအနောက်တန်းကပဲလေ ငါကရှေ့က အဲ့တော့ငါကပဲTopဖြစ်ရမယ် ဆရာမကျွန်တော့်ကသက်တံ့၁လုပ်ပေးပါ"

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now