(Unicode) "သက်တံ့ရောင် ဧည့်သည်လာတယ်..........."
ဧည့်ခေါ်လိုက်သောအသံကို ရဲသွေးကြားလိုက်လေသည်။
"အလဲ့ လဒတောင်ဧည့်သည်တွေဘာတွေလာလို့ပါလား....."
ရဲသွေးစပ်စပ်စုစု လှမ်းကြည့်ပေသေးသည်။ လှလှပပဝတ်စားထားသော ကောင်မလေးတစ်ယောက် အဆောင်ဝမှာရပ်နေတာကိုတွေ့လိုက်ရ၍ အူမြူးကာ ထပြေးသွားသည်။
"ရောင်စဉ်ရေ.....ရောင်စဉ် မင်းကောင်မလေးကလာတွေ့တယ်ဟ"
စောစောစီးစီးမို့ ရောင်စဉ် မျက်နှာသစ်ပြီးအိပ်ချင်မူးတူးဖြစ်နေသည့်ရုပ်ကလေး ပြူးပြဲသွားသည်။
"ဟန် ငါ့ဧည့်သည်လာတာလား"
"အေးဟ"
ရောင်စဉ်လည်းပြာယာပြာယာနဲ့ အဆောင်ဝထွက်လာလေသည်။ ရဲသွေးလည်းထိုကောင်မလေးကိုတွေ့ချင်၍ပြေးလိုက်သွားသည်။
"ဘယ်မလဲ ငါ့ဧည့်သည်"
အပြင်မှာတော့ တစ်ယောက်မျှမရှိပါ..😁😂😂😂😂
ရဲသွေးအသတ်ခံရတော့မယ်...........
ရောင်စဉ်စိတ်တိုတိုနဲ့ ရဲသွေးဘက်ကိုလှည့်လာသည်။
"ရဲသွေး..........."
"ဘာလဲဟ"
"ဘယ်မလဲငါ့ဧည့်သည်ဆို...."
"ခုနကတွေ့လိုက်တယ်"
"အဲ့ဒါဆိုအခုဘယ်မလဲ...."
"ဟို...ဟို...ရှိမှာပါ မင်းကိုပုန်းနေတာထင်တယိ😁😁"
"သေခြင်းဆိုး စောစောစီးစီးဒုက္ခပေးတယ်"
ရောင်စဉ် ရဲသွေးကိုပြေးရိုက်ပါလေပြီ။ ရဲသွေးဖိနပ်တောင်ကျွတ်ထွက်ကာပြေးလိုက်ရပေသည်။
"အမေရေ..................."
###########################
"နှင်းနဲ့တွေ့ရတာပျော်လားဟင်သက်တံ့"
သက်တံ့ရဲ့လက်တစ်ဖက်ကိုတင်းကြပ်အောင်ဆွဲဖက်ထားသော အဖြူရောင်ဂါဝန်လေးနှင့် ပုခုံးထိရှည်သောဆံပင်မှာအနည်းငယ်ကောက်ထားသော ဝိုင်းဝိုင်းစက်စက်မိန်းကလေးတစ်ယောက်။ ကားထဲမှာမို့ သက်တံ့ကားရပ်ပြီး သူမလက်ကိုဖယ်ချလိုက်သည်။
ВЫ ЧИТАЕТЕ
ေခ်...ေခ်...ေခ်...(complete)
Любовные романыနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...
