အပိုင္း၆၄

3.6K 282 4
                                    

(Uni) ဒေါက်......ဒေါက်.....ဒေါက်.......

ထပ်မံ၍ခေါက်လာသောတံခါးခေါက်သံကြောင့်....ရောင်စဉ်မျက်လုံးတို့ထိုတံခါးဆီရောက်သွားလေသည်။ သို့သော်ဘာမှပြန်မပြော။

"သားလေး.....အိပ်နေပြီလား.......အဖေပါ........"

အဖေ့အသံကြောင့် ရောင်စဉ်ထပြီး တံခါးဖွင့်ပေးလိုက်သည်။
ပွင့်သွားသောတံခါးဘက်မှအဖေဖြစ်သူအပြင် အမေရော သူ့ညီမရောရှိနေသည်မို့ သူ့မျက်ခုံးတို့တစက်တည်းဖြစ်သည်အထိကျုံ့လိုက်ပြီးမျက်နှာလေးဆူပုတ်သွားတော့သည်။

"ဘာပြောမလို့လဲ အဖေ"

"သားနဲ့အဲ့ဒီကောင်လေးနဲ့မဖြစ်ဘူးသား....."

"ဟုတ်တယ် ကိုကိုရယ်....အဲ့ဒီလိုကြီးတော့ဆန္ဒမပြပါနဲ့...ကိုကိုချစ်တတ်ချင်တယ်ဆိုရင် ညီမလေးဆော်ရှာပေးမယ်လေ"

"သားသူ့ကိုမေ့နိုင်ဖို့ မေမေကြင်ဖက်တွေ့ပေးမယ်လေ သား...မနက်ကသားကိုရိုက်လိုက်မိတာအမေတောင်းပန်ပါတယ်"

လူစုံတက်စုံသူ့ကိုစကားနာချနေ၍ ရောင်စဉ်စိတ်ပျက်မိပါသည်။ ဘာလို့ဘယ်သူမှသူ့ခံစားချက်ကိုနားလည်မပေးနိုင်ရတာလဲ....

ရောင်စဉ်မတတ်နိုင်တော့ပဲ မိဘတွေရှေ့မှာ ဒူးထောက်ချလိုက်သည်။

"သား....ဘာလုပ်တာလဲ"

"အဖေ....အမေ....သားဘယ်သူ့ကိုမှမချစ်နိုင်တော့ဘူး....ချစ်လို့ရမှာမဟုတ်တော့ဘူးဗျာ....သားသူ့ကိုပဲချစ်တာ သားကိုသူနဲ့ခွင့်ပြုမပေးရင်တခြားဘာမှလာမပြောပါနဲ့တော့....... ညီမလေးကိုလည်းအကိုတောင်းပန်တယ် ညီမလေးအတွက်အကိုကောင်းတစ်ယောက်မပီသပါဘူး.....အမေ...သားကိုသူနဲ့ခွင့်ပြုပေးကြပါနော်"

ကြမ်း၍လည်းမရ နု၍လည်းမရသော ရောင်စဉ်ကြောင့် မိဘတွေ ဘယ်လိုနားချပေးရမှန်းမသိတော့ပေ။

"သားဘာမှမစားရသေးဘူးဆို.....ထမင်းစားလိုက်ပါသားရယ်..."

သူ့အဖေလည်းဖြောင်းဖျပေမယ့် ရောင်စဉ်ခေါင်းပဲရမ်းနေသည်။

"သားကိုသူနဲ့ခွင့်ပြုမပေးဘူးဆိုရင် သားမစားတော့ဘူးအဖေ..."

ေခ်...ေခ်...ေခ်...(complete) Dove le storie prendono vita. Scoprilo ora