[Unicode] မျှော်နေပါသည်.....မျှော်နေပါသည်.....သူအခန်းတံခါးဖွင့်မယ့်အချိန်လေး.......သို့သော်လည်းယခုထက်ထိမဖွင့်သေးပုံထောက်ရင် သူသက်တံ့အခန်းထဲလာမအိပ်တော့တာများလား.......
ဆယ့်တစ်နာရီကျော်နေပေပြီ....ခါတိုင်းဆိုဆယ်နာရီလောက်သူလာနေကျ....ယခုသူရောက်မလာ.........သွားခေါ်ရတော့မလိုလို....သက်တံ့စိတ်တို့ကပြာကယာဖြစ်နေမိသည်။.....
မသွားဘူး......မသွားဘူးလို့ဆုံးဖြတ်ပြီး ကိုယ့်အခန်းထဲမှာပဲတစ်ယောက်ထဲကြိတ်မှိတ်အိပ်နေတဲ့ သတ္တိခဲ 😋.......
မနက်ကသူပြောလိုက်တဲ့စကားကိုတောင် သူပြန်စဉ်းစားမိသည်။
သော်တာကိုချစ်ပါတယ်လို့ပြောလိုက်ရင်ပြီးတဲ့ဟာကို....ပါးစပ်ကဘာလို့သက်တံ့လို့ထွက်လာမိမှန်းမသိဘူး..........
ဒေါက်......ဒေါက်......ဒေါက်.......
တံခါးခေါက်သံကြားလျှင်ပင်ကျောတွန့်ပြီး..ထရပ်လိုက်မိသည်။
*ဒီအချိန်ကြီး ငါ့အခန်းကိုဘယ်သူတံခါးခေါက်တာလဲ.....သက်တံ့လား.....မဖြစ်နိုင်ဘူး.....သူကငါ့အခန်းကိုတခါမှတောင်လာဖူးတာမဟုတ်ဘူး....ဒါဆိုခုဟာကဘယ်သူလဲ.......*
ဒေါက်.....ဒေါက်......ဒေါက်........
ထပ်၍ခေါက်လာသောတံခါးသံကြောင့် ရောင်စဉ် ဘေးမှာရှိတဲ့ စိတ်ပုတီးကိုကိုင်ရင်း တံခါးကိုဆွဲဖွင့်လိုက်သည်။
"ဗုဒ္ဓေါ.....နမော..........ထွက်စမ်း.....ဘယ်သူလဲ......."
မျက်စိစုံမှိတ်ပြီး ဘုရားစာရွတ်ပေမယ့် ဘာသံမှမကြားရ၍မျက်လုံးဖွင့်ကြည့်လိုက်ရာ...သူ့ရှေ့မှာ သက်တံ့တစ်ယောက် သူစွပ်ပေးလိုက်တဲ့စိပ်ပုတီးလေးနဲ့လှလို့နေပေသည်။ 😅😂😂ရွဲ့ပြောတာနော်......
"သက်......သက်တံ့😁😁😁ဘာလာလုပ်တာလဲ "
"အဟင်း.....မင်းလာမအိပ်တော့ဘူးလားလို့...လာကြည့်တာ...မီးတောင်ပိတ်ထားတာ....အိပ်နေပြီလား....အဲ့ဒါဆိုငါသွားပြီ"
"အယ်....မသွားနဲ့....ငါလာအိပ်မှာလို့.....လော့ချမထားနဲ့နော်.."
နောက်ဆုံးတော့လည်းဒီဘူတာဆိုက်တာပါပဲ...။😁😁
ВЫ ЧИТАЕТЕ
ေခ်...ေခ်...ေခ်...(complete)
Любовные романыနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...
