အပိုင္း၅၃

4.7K 351 17
                                        

[Unicode] ကျောင်းစတက်ရတဲ့နေ့လေးမှာတော့ ရောင်စဉ်အတန်းတက်တာကိုမြင်သွားသည်။...

အဆောင်လည်းပြန်မလာပဲ သူဘယ်သွားနေနေတာလဲ.....

ဆရာမသင်တဲ့စာကိုတောင်သက်တံ့နားထဲမဝင်။ ရှေ့ခုံမှာထိုင်နေတဲ့ရောင်စဉ်ရဲ့ကျောပြင်လေးကိုငေးတုန်း.....

"ဒီနေ့သင်တာကတော့ ဒီလောက်ပါပဲကွယ်.....အားလုံးဆင်းလို့ရပါပြီ"

ဆရာမအတန်းဆင်းပေးလိူက်ချင်းပဲ ရောင်စဉ် သူ့ဘေးကစေရာလက်ကိုဆွဲကာခပ်မြန်မြန်အတန်းထဲကထွက်သွားတော့သည်။ သက်တံ့ကလည်းဘယ်ရမလဲ ချက်ချင်းထပြီးသူ့နောက်ကိုလိုက်တော့တာပေါ့။

သူသိလိုက်ပြီလေ...သူနဲ့မတွေ့ချင်လို့ စေရာတို့အဆောင်ကိုသွားနေတယ်ဆိုတာ....

အတင်းပြေးလိုက်ပြီးရောင်စဉ်လက်ကိုလှမ်းဆွဲလိုက်သည်။

"ရောင်စဉ်...နေဦး"

သူလှမ်းကိုင်လိုက်လို့ ရောင်စဉ်သူ့ကိုဂြိုလ်ကြည့်ကြည့်ပါသည်။

"လွှတ်...ကျွန်တော့်လက်ကို....."

"မလွှတ်ဘူး....ငါနဲ့စကားပြောမယ်.....ငါမင်းကိုပြောစရာရှိတယ်"

"ကျွန်တော့်မှာပြောစရာမရှိဘူး....စေရာပြန်မယ်"

"စေရာသူ့ကိုထားပြီးမင်းအရင်ပြန်နှင့်"

"မဟုတ်ဘူး...စေရာငါနဲ့တူတူသွားမယ်"

"အရင်ပြန်နှင့်လိုက်....စေရာခုပြန်"

"စေရာ...ငါ့ကိုစောင့်ဦး...သက်တံ့ကျွန်တော့်လက်ကိုလွှတ်ဗျာ....ဒါလမ်းပေါ်နော်"

တစ်ယောက်တစ်မျိုးကြားထဲမှာ စေရာဟိုကြည့်သည်ကြည့်နဲ့ ဘာလုပ်ရမှန်းမသိ။

"ကဲ..ကဲ...နှစ်ယောက်ကလည်းရန်ဖြစ်မနေကြပါနဲ့နော်....အဆင်ပြေအောင်ကြည့်ကြပ်လုပ်ကြပါ....ရောင်စဉ်ငါသွားပြီ"

စေရာလည်း သူတို့ကြားမနေချင်၍ အတင်းထွက်သွားတော့သည်။

"စေရာ.......ခွေးကောင်လေး....ငါ့ကိုထားသွားစရာလား"

"ရောင်စဉ်ငါနဲ့လိုက်ခဲ့"

သက်တံ့စိတ်လိုက်မာန်ပါ သူ့ကိုလူရှင်းတဲ့သစ်ပင်အောက်သို့ခေါ်သွားလေသည်။

ေခ်...ေခ်...ေခ်...(complete) Onde histórias criam vida. Descubra agora