(Uni) မနက်လင်းလာသော် ပြတင်းပေါက်ကနေ ထိုးကျလာသောနေရောင်စူးစူးကြောင့် ရောင်စဉ်မျက်လုံးကိုလက်နဲ့ကာရင်း အိပ်ယာမှကုန်းကြုံးထလိုက်သည်။ တစ်ညလုံးငိုထား၍ သူ့မျက်လုံးမှာဖောယောင်နေပေသည်။
မျက်လုံးကိုလက်နဲ့ပွတ်လိုက်ပြီး ဖုန်းကိုတစ်ချက်ဖွင့်ကြည့်လိုက်တော့....miss callတွေအများကြီးဝင်နေတာကိုသူတွေ့လိုက်ရသည်။
.....ဟင်......စေရာဘာလို့ငါ့ကိုဖုန်းတွေခေါ်ထားတာလဲ......
ည ညဆိုသူ silentချအိပ်တာမို့ဖုန်းခေါ်သံကိုမကြားလိုက်ခြင်းပင်။ ဘာမှန်းမသိ၍ ရောင်စဉ်ဖုန်းပြန်ခေါ်လိုက်သည်။
.....လူကြီးမင်းခေါ်ဆိုသောtelephoneမှာ စက်ပိတ်ထားပါသဖြင့်...............
စေရာဖုန်းကစက်ပိတ်ထား၍ သူသံသယဝင်မိသည်။
"ဒီတစ်ယောက်ကဘာလား......ငါ့ကိုစိတ်ပူအောင်လုပ်နေတယ်.."
ရောင်စဉ်အိပ်ယာကထပြီး...ရေချိုးကာ မနက်စာစားပြီး ကားသွားတော့သည်။
"သား....ကုန်ပို့ပြီးရင် စောစောပြန်လာနော်....မနက်ဖြန်သားမွေးနေ့ရောက်ပြီ....သိလား"
"ဟုတ်အဖေ...."
စိတ်မပါလက်မပါအသံနဲ့ သူကားမောင်းပြီးထွက်သွားလေ၏။
သူ့အဖေလည်းသူ့ကြည့်ပြီး သက်ပြင်းတစ်ချက်ပြီးတစ်ချက်ချလို့နေသည်။ကုန်ပို့တဲ့နေရာက ဒီနေ့ မုံရွာထဲမို့ သူတဖြည်းဖြည်းအလွမ်းရိပ်တွေဝေလာလေသည်။
မုံရွာအဝင်စမှာ တွေ့လိုက်ရတဲ့အုပ်မှိူင်းစိမ်းစိုနေသောအပင်ကြီးတွေ........သြော်.....မကြာခင် သူစီးပွားရေးတက္ကသိုလ်ကိုရောက်တော့မှာပါလား..........
သစ်ပင်တွေကိုဖြတ်ကျော်ရင်း...ထင်းခနဲတွေ့လိုက်ရတဲ့ ကျောင်းကြီး...အခုဆိုကျောင်းဂိတ်ကသူတို့တုန်းကလိုပန်းခြံလေးနဲ့ကျောင်းနာမည်လေးရေးထားတာမဟုတ်ပဲ..ပိုပြီးခမ်းနားလာသလိုပင်....ဂိတ်ရဲ့ဂုံးကအရင်ကထက်ပိုပြီးမြင့်ကာကြီးမားထည်ဝါလှသည်။တက္ကသိုလ်နာမည်ကြီးကိုလည်းခမ်းနားစွာရေးထားပြီးရွှေရောင်ကွတ်ထားတာကြောင့်ပိုပြီးတင့်တယ်လှသည်။
![](https://img.wattpad.com/cover/163051738-288-k613724.jpg)
YOU ARE READING
ေခ်...ေခ်...ေခ်...(complete)
Romanceနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...