[Unicode] "စေရာ......ဘယ်လိုဖြစ်တာလဲ...."
မနက်ကိုးနာရီလောက်မှ ဂျူးဂျူးမေပြာယာပြာယာနဲ့ ဆေးရုံသို့ရောက်လာလေသည်။ သူနဲ့အတူ အရပ်ခပ်မြင့်မြင့် ရုပ်ဖြောင့်ဖြောင့် လူတစ်ယောက်ပါလာလေသည်။ ဆံပင်ကိုဘယ်ဘက်သို့စောင်းထောင်ထားပြီ စင်းလျသောနှာတံဖြင့် အတော်ပင်ကြည့်ကောင်းသည့်သူ။ မျက်ခုံးမှာလည်းထူပျစ်ကာနက်မှောင်နေသည်။
"သြော်. ဂျူးဂျူးမေပါလား...."
"စေရာဘယ်လိုဖြစ်တာလဲဟယ်.......... "
ဂျူးဂျူးမေတစ်ယောက် စေရာအနားကမခွာပဲစိတ်ပျက်လက်ပျက်ဖြစ်နေသော ရဲသွေးကို မေးလိုက်သည်။
"ငါ.....မပြောပါရစေနဲ့....."
ဂျူးဂျူးမေလည်း စိတ်မကောင်းစွာ ရဲသွေးဘေးနားကထိုင်ခုံမှာထိုင်မိသည်။ ဂျူးဂျူးမေနဲ့ပါလာတဲ့တစ်ယောက်ကတော့ ထိုင်ခုံတစ်ခုမှအေးဆေးထိုင်နေလိုက်သည်။
"အဲ့ဒါဘယ်သူလဲ........"
ရဲသွေး ထိုတစ်ယောက်ကိုတစ်ချက်ကြည့်ပြီး ဂျူးဂျူးမေအားမေးလိုက်မိသည်။ ထိုသူကတော့ဘာမှမပြော။
"သူက ဒုတိယနှစ် BBAကလေ ဒီနှစ်မှမိတ္ထီလာကပြောင်းလာတာတဲ့ နာမည်က သော်တာလင်းတဲ့လေ"
"သော်တာလင်း?????"
နာမည်ရဲ့နှစ်ခွဆန်မှူကြောင့် ရဲသွေးထိုသူ့ကိုစိုက်ကြည့်မိပါသည်။
ထိုသူကလည်းသူ့ကိုကြည့်မှန်းသိတာကြောင့် အနေခတ်ကာထလိုက်တော့သည်။
"ဂျူ း ကျွန်တော်အပြင်ကနေစောင့်မယ်နော်...."
ဂျူးဂျူးမေကိုခွင့်တောင်းပြီးထိုသူအပြင်သို့ထွက်သွားလေသည်။ အသံကြားမှ ရဲသွေးသဘောပေါက်သွားသည်။
"Tom boyလား........."
"ဟဲ့ ရှူး တိုးတိုး"
ရဲသွေးအသံကိုကြားသွားမှာဆိုး၍ ဂျူးဂျူးမေ ရဲသွေးပါးစပ်ကိုပိတ်လိုက်ပါသည်။
...................ဒုန်း.................အမယ်လေး.....သေပါပြီ........
အပေါက်ဝမှာ အထဲသို့ပြာယာပြာယာဝင်လာတဲ့ရောင်စဉ်နဲ့ သူဝင်တိုက်မိလေသည်။ ခေါင်းချင်းဆိုင်တိုက်မိသွား၍ နဖူးတစ်ခုလုံးပူထူသွားကာ ရောင်စဉ်သူ့လက်နဲ့နဖူးကိုပွတ်မိ၏။
YOU ARE READING
ေခ်...ေခ်...ေခ်...(complete)
Romanceနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...
