အပိုင္း၆၀

4K 314 8
                                        

(Uni) ဒေါသတွေအရမ်းကြီးနေတာမို့ မတ်တတ်ရပ်လိုက်လျှင်ပင် သက်တံ့အနည်းငယ်ယိမ်ထိုးနေသည်။ သောက်ထားတဲ့အရှိန်နဲ့ရောဂါအရှိန်တို့စုံမိနေသည်ဟုတ်။

"ပြန်လိုက်ပို့မှာလား.....ခြေကျင်ပြန်ရမလား..... ဘယ်လိုနေနေရတယ်နော်....ကိုယ့်ဘာကိုယ်ပြန်မယ်"

သက်တံ့ကခန်းမထဲကနေယိမ်ထိုးပြီးထွက်သွားတာကြောင့် သူ့အခြေအနေမရတော့မှန်း နှင်းသိသည်။

"ဟေ့......သူ့ကိုပြန်လိုက်ပို့လိုက်ဦး......"

သူမအစောင့်တွေကိုခိုင်းလိုက်တာကြောင့် သူတို့တွေကားနဲ့သက်တ့ကိုပြန်လိုက်ပို့ကြလေသည်။

*သက်တံ့ရယ် နင်အဆိပ်ပြင်းလှချည်လား..   ငါလည်းဘာဖြစ်လို့အဆိပ်ပြင်းတဲ့နင့်ကိုချစ်မိနေတာလည်းမသိဘူး.....ငါအဲ့ဒီကောင်ကိုအရမ်းမုန်းမိတယ်   ရောင်စဉ်..........😡😡သူဘာတွေများကောင်းနေလို့နင်သဘောကျနေတာလဲ.....ငါနင့်ကိုမရရအောင်ယူပြမှာပါသက်တံ့....နင်ကြည့်နေ*

နှင်းရဲ့အချစ်စိတ်တို့မှာ အတ္တစိတ်တွေနဲ့ရောယှက်နေပြီး သူမနူတ်ခမ်းကိုသူမသွားနဲ့ဝပ်ကိုက်လိုက်မိသည်။

"ရောင်စဉ်...... .ရောင်စဉ်....မင်းဘယ်မှာလဲ.......ရောင်စဉ်"

မမှန်တော့သောခြေလှမ်းများနှင့် သက်တံ့ ရောင်စဉ်အခန်းကိုလိုက်ရှာနေသည်။   တစ်ကိုယ်လုံးမှာလည်းမိုးရေတွေစိုရွှဲလို့...

    ဝုန်း.....................

ခြေချော်ပြီး စင်္ကြံမှာတင် သူခလုတ်တိုက်လဲလေ၏။

"ဟာ........ဘာလို့အဲ့ဒီလောက်မူးနေရတာလဲ......ရောင်စဉ်ရေ....ရောင်စဉ်..............."

မူးနေတာကြောင့် သူ့စကားတွေကလည်းမပီတော့။ ဝိုးဝါးနေပေသည်။ ရင်ဘတ်ထဲမှာလည်းအလုံးကြီးတစ်ခုပျို့တက်လာသလိုခံစားရတာကြောင့် သူမထနိုင်ပဲ ထိုနေရာမှာတင် သူ့ရင်ဘတ်ကိုလက်နဲ့အတင်းထုချနေမိ၏။

"ဘာလို့အသက်ရှူကြပ်ရတာလဲ........"

ဒုန်း.......ဒုန်း......ဒုန်း........

သူ့ရဲ့ထုချသံတွေကတော်တော်ပင်ပြင်းလှသည်။ အားနဲ့တစ်ချက်ပြီးတစ်ချက်ထုချနေတာတောင် သူ့ရင်ဘတ်ကိုတက်လာသောထိုအလုံးကြီးမကျသေးသည့်နှယ် အသက်ရှူတွေလည်းပို၍ပို၍ကြပ်လာ၏။

ေခ်...ေခ်...ေခ်...(complete) Место, где живут истории. Откройте их для себя