အပိုင္း၆၈

3.7K 278 18
                                    

(Uni) ရက်တော်တော်ကြာတော့ ရောင်စဉ်ခေါင်းကဒဏ်ရာကျက်သွားပြီဖြစ်၍ချုပ်ရိုးဖြည်ကာ ဆေးရုံကဆင်းလာခဲ့သည်။ စေရာနဲ့ရဲသွေးလည်း သူ့ကိုထိန်းကာဆေးရုံကနေထွက်လာကြသည်။

ထိုစဉ်လူတစ်ယောက် ဆေးရုံကိုအတင်းပြေးဝင်လာသည်။

"ဖယ်...ဖယ်....ဘေးကို ဘေးကို...."

ပိုက်ဆံတစ်ချို့ကိုလက်ကကိုင်ပြီးပြေးလာရာ လမ်းလယ်တည့်တည့်မှာရောင်စဉ်ကိုဝင်တိုက်မိလေသည်။

......အမယ်လေးဗျ......

အရှိန်နဲ့မို့ ရောင်စဉ်ရောထိုလူရောလဲသွားလေသည်။ ထိုလူ့လက်ထဲကပိုက်ဆံတွေမှာပြန့်ကျဲကာ ရောင်စဉ်အပေါ်သို့လွင့်ကျလာ၏။

"ဟေ့လူ....ခင်ဗျားလူနာကိုဝင်တိုက်ရလား.....ရောင်စဉ်...ထ."

"ရောင်စဉ်....ဘယ်နားနာသွားလဲ...... ထ....ထ"

စေရာနဲ့ရဲသွေးပြောစကားကိုမကြား။ သူ့အပေါ်ကိုပြန့်ကျဲလာတဲ့ထိုပိုက်ဆံတွေကိုမြင်ရင်း ဆေးရုံကအတိတ်တချို့ကိုသာမြင်ယောင်နေမိသည်။

....... ဆေးရုံလား....ငွေရုံလား...မသည်းကွဲဘူး ......ကျွန်တော်ကစေရာ့ရဲ့အကိုဗျာ...လက်မှတ်လားကျွန်တော်လုပ်ပေးမယ်.......

ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်ရဲ့နူတ်ခမ်းကပြောစကားများ....သူရဲ့လက်ကနေပြန့်ကျဲခဲ့တဲ့ပိုက်ဆံတွေ...... ထိုမြင်ကွင်းတွေသူပြန်မြင်လာသည်။ ရောင်စဉ်ထိုမြင်ကွင်းကြောင့် တအံ့တသြစေရာကိုမော့ကြည့်လိုက်မိ၏။

".....စေ.......စေ...စေရာလား........"

နူတ်ခမ်းမှမရဲတရဲနဲ့ စေရာကိုခေါ်ကြည့်ရာ....စေရာပင်အံ့သြ သွားသည်။

"ငါ့......ငါ့နာမည်ကိုသိပြီလား.......ဘယ်.......ဘယ်လို.....??"

ရဲသွေးလည်း သူ့ရှေ့သို့ရပ်ကာ သူ့မျက်နှာကြီးကိုရောင်စဉ်ဆီသို့အတင်းကပ်လိုက်သည်။

"ငါ့ရောမှတ်မိလား....ငါဘယ်သူလဲသိလား.....ငါလေ....."

"မျက်စိနောက်တယ်ငါ့ရှေ့ကဖယ်....စေရာငါ့ကိုထူပေးဦး"

စေရာလည်းသူ့ကိုထူပေးကာ ဆေးရုံကနေထွက်လာကြသည်။ ရဲသွေးတစ်ယောက်ပါးစပ်ဟောင်းလောင်းနဲ့ကျန်ခဲ့လေ၏။

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now