အပိုင္း ၂၉

4.7K 374 7
                                    

[Unicode] "သား.......သား...ပြန်လာပြီလား"

သက်တံ့ကိုမြင်၍ကမန်းကတန်းအိမ်ထဲကနေပြေးထွက်လာသော သူ၏အဖေ.....

"အမေအလုပ်နဲ့မအားလို့ သားကိုလာမကြိုနိုင်လိုက်တာ..သားအဆင်ပြေတယ်မလား..."

"ရပါတယ်....အဖေမလိုက်နိုင်ပေမယ့် ကားလွှတ်လိုက်တာပဲ..အဆင်ပြေပါတယ်.ကျွန်တော်သွားနားတော့မယ်.."

"အင်းအင်း ငါ့သားလေးကားစီးရတာပန်းနေမှာပေါ့. ပစ္စည်းတွေကိုအလုပ်သမားတွေသယ်ခိုင်းလိုက်မယ် သားနားတော့"

သက်တံ့ဘာမှဆက်မပြောတော့ပဲ အိမ်ထဲဝင်သွားလေသည်။

သူ့အခန်းရောက်တော့ ကုတင်ပေါ်မှာ ပက်လက်လှဲချလိုက်သည်။

သက်ပြင်းတွေထပ်တလဲလဲချရင်း.......ရောင်စဉ်ထိကိုင်သွားသောသူ့ရဲ့လက်ကိုသူပြန်ကြည့်မိပါသည်။

*ငါမမြင်ချင်ဘူးပြောခဲ့ပေမယ့် ရင်ဘတ်ထဲမှာလွမ်းမိသလိုပဲ...*

"သက်တံ့.........."

အိမ်မှာလွတ်လွတ်လပ်လပ်နေမည်ဟုကြံထားသော်လည်း ခဏခဏအိမ်သို့လာလည်နေသူ နှင်းဝတီ။

သူမကိုမြင်တော့ သက်တံ့စိတ်ထဲကသိကအောက်ဖြစ်သွားပြီး ကြည့်လက်စlap topကိုပိတ်လိုက်သည်။

"သက်တံ့ဘာလုပ်နေတာလဲ...."

ကျူးကျူးကျော်ကျော် သက်တံ့ခုံနားသူမတိုးကပ်ထိုင်လိုက်သည်။

"ထိုင်နေတာမမြင်ဘူးလား....."

"သက်တံ့ကလည်း....စကားကိုကောင်းကောင်းမပြောဘူး...မေပန်းချီပါလာတယ်...သူကသက်တံ့နဲ့စကားပြောချင်လို့တဲ့"

"အထဲခေါ်လိုက်လေ...အဲ့ဒါဆို"

ဒါနဲ့သူမ မေပန်းချီကိုအထဲခေါ်လိုက်သည်။ သူမကမဝံ့မရဲနှင့် သက်တံ့ကိုကြည့်လေ၏။

"ထိုင်ပါ......"

သက်တံ့ပြောလိုက်မှ သူမဘေးနားကခုံတစ်ခုမှာ အသာလေးထိုင်လိုက်သည်။

"ဟို....နှင်း ပြောပြထားပြီးလို့ ဒီကအကုန်သိမယ်လို့ထင်ပါတယ်"

"သိပါတယ်...အကုန်သိပြီးပါပြီ...ကျွန်တော်ရပ်တန်းကရပ်ပါလို့တားခဲ့ပါတယ် မမေပန်းချီကိုသူထပ်ပြီးနှောင့်ယှက်သေးလို့လား
ဒါဆိုရင်တော့ ရဲတိုင်သင့်ပြီလို့ထင်တယ်"

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now