အပုိင္း ၁၉

4.7K 448 13
                                    

(Unicode) New yearနေ့လေးရဲ့နံနက်ခင်း........

ရဲသွေးသိုးလို့မဝသေး......

"ရဲသွေး ထတော့ သေပြီလားဟ 😂😂"

အိပ်ယာထဲပျင်းကြောထူနေသောရဲသွေးကို ရောင်စဉ်အတင်းလှူပ်နှိူးနေသည်။

"မနက်စောစောစီးစီး ငါ့ကိုသေစေချင်နေတာလားလေ ငါသေရင်မင်းပါခေါ်မှာ လာဟ"

ရဲသွေး ကုန်းထလိုက်ပြီး သူ့ကိုလှူပ်နှိူးနေသောရောင်စဉ်ကိုအိပ်ယာထဲလှဲပစ်လိုက်သည်။

"ဟေ့ကောင် ဘာလုပ်တာလဲ"

"မင်းပဲငါ့ကိုသေဆို ငါလည်းမင်းကိုခေါ်သွားမယ်လို့"

"ဖယ် ဖယ် ဖယ် မင်းကိုယ်ကြီးက လေးတယ် "

ထိုအခါမှရဲသွေး ရောင်စဉ်အပေါ်ဖိကာ မှောက်အိပ်လိုက်သည်။

"အမယ်လေး သေပါပြီ အဟွတ် "

ရဲသွေးကိုယ်ဖိထား၍ ရောင်စဉ်ထမရ။ သူ့လက်ကလေးနဲ့အတင်းတွန်းထုတ်သော်လည်းမရ။

"ငါသေချင်နေပါပြီနော် ဖယ်  မင်းကိုယ်ကြီးဖိတော့အောက်ကငါပြားပြီပေါ့"

သူပြောမှ ရဲသွေးသူ့ကိုယ်တစ်ခုလုံးကို အားနဲ့ညစ်ဖက်ပစ်လိုက်သည်။

"အီး အီးထွက်တော့မယ် သေပြီဟ သေပြီ တကယ်သေတာ အဟွတ် အဟွတ် ရဲသွေး သေမင်းရေ"

"မင်းကိုယ်လေးကငါ့ဖက်လုံးထက်ပိုနွေးသားပဲ ခဏခွအိပ်မယ် "

ပြောရင်းဆိုရင်း ရဲသွေး သူ့ကိုရင်ခွင်ထဲထည့်ပြီး ခွဖက်ထားသည်။ ရောင်စဉ်ခန္ဓာကိုယ်လေး ရဲသွေးကိုယ်လုံးနဲ့နစ်မြုပ်နေတော့သည်။

"ရောင်စဉ်...... "

ရီဝေဝေအသံနဲ့ခေါ်လိုက်၍ ရောင်စဉ်ကျောတွန့်သွားသည်။

"ပြောပါ အီးဘုတ်ကြီးရယ်"

"ငါတို့နောက်ကျ တူတူအိပ်ရအောင်"

"ဘာ.....အဟွတ် အဟွတ် မင်းနဲ့တူတူအိပ်ရင်ငါသေမှာပေါ့ မင်းငါ့ကိုဖိမှာငါသိတယ်"

"ဆောင်းတွင်းဆိုတော့ မင်းကိုယ်လေးကအရမ်းနွေးလို့ငါသဘောကျတယ်"

"ရေနွေးအိတ်ဖက်အိပ်မသာရေ ထတော့ ငါအသက်ရှူကြပ်နေပြီ"

"ခဏလေး ခဏလေး"

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now