အပိုင္း၄၈

4.9K 389 14
                                    

[Unicode] Ti.. Ti.........Ti........

"ဟဲလို.....ဟုတ်ကဲ့......ရောင်စဉ်ပြောနေပါတယ်ခင်ဗျ"

"အသံကလိမ်မာလှချည်လား........ ရောင်စဉ်ရဲ့"

*ဒါသက်တံ့အသံမလား.......ငါ့ဖုန်းနံပါတ်ကိုဘယ်လိူသိ...အယ်..
ဘယ်လိုဖြစ်ရတာတုန်း........*

အိပ်ယာထဲမှာနှပ်နေရာမှ သက်တံ့ဖုန်းသံကိုကြား၍ ရောင်စဉ်ငုတ်တုပ်ထ ထိုင်မိသည်။

"မင်းဘယ်လိုလုပ်ငါ့ဖုန်းနံပါတ်ကိုရတာလဲ......."

"မောင်သက်တံ့ရောင်.....ပဇ-12 တတိယနှစ်ကျပါတယ်....😂😂Rpကြီးဖြစ်ပါပြီ 😂😂"

"ဖက်ဖက်......ပါးစပ်ပုတ်ကြီးနဲ့မပြောနဲ့စမ်း...မင်းကမှကျမှာ.."

"မင်းတို့အိမ်ကဘယ်မှာလဲ.....ငါစစ်ကိုင်းဘက်ရောက်နေတာ..မင်းကိုလာတွေ့ချင်တယ်"

"stop....stop....မလာနဲ့....မပြောဘူး...."

"သြော်.....အဲ့ဒီလိုကြေးလား...ငါ့ဘာသာငါစုံစမ်းပြီးမင်းအိမ်ရောက်လာလို့ကတော့ ယောက္ခမကြီးကိုချက်ချင်းမိတ်ဆက်လိုက်မှာနော်...."

"ယား.........သက်တံ့......ဦးနောက်တစ်ခုခုဖြစ်သွားတာလား.....
ဘာလို့ငါ့အပေါ်အဲ့ဒီလောက်အပြောင်းလဲမြန်သွားတာလဲ.."

"ဘာလို့လဲ....ဟုတ်လား......ချစ်လို့ပေ့ါ......ချစ်လို့...အိမ်နံပါတ်ပြောနော်ရောင်စဉ်...."

သက်တံ့ကသူ့ကိုချစ်တယ်ခဏခဏပြောနေတော့ကား...ရောင်စဉ်ရှက်ပြုံးကြီးပြုံးမိပါသည်။

"ပြောမယ်...%&^&^*^&^*((&**"

"OK.....လာခဲ့မယ်.. စောင့်နေ"

သူလာရင် အမေနဲ့တည့်တည့်တိုးမှာဆိုး၍ အိမ်နောက်ဖေးမှာအမေ ဈေးသွားဖို့်ပြင်နေတုန်း မြန်မြန်လစ်ထွက်လာခဲ့သည်။ အိမ်ရှေ့မှာထွက်စောင့်နေ၏။ မကြာပါဘူး....ခဏမှာသက်တံ့ကားနဲ့ရောက်လာသည်။

*ကျောင်းပိတ်တော့ သူ့မျက်နှာကိုမမြင်ရတော့ဘူးထင်ပြီးလွမ်းနေတာ........ကျွန်တော်စတွေ့တုန်းက အေးစက်စက်အချေကြီးမဟုတ်သလိုပဲ....သူတကယ်ပဲငါ့ကိုချစ်တာလား...ငါ့ကိုကစားနေတာလား.......*

ကားပေါ်ကဆင်းလာတဲ့သက်တံ့ကိုငေးရင်း သူ့စိတ်တို့လွင့်မျောနေခဲ့သည်။ သူ့လက်ကိုသက်တံ့လာကိုင်မှာ သတိပြန်ဝင်လာသည်။

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now