(Unicode) နံနက်ရောက်သည်အထိရဲသွေးမှာ သိုးနေတုန်း။ ရောင်စဉ်လည်းအိပ်နေရာ သက်တံ့ခေါင်းတွေမူးဝေစွာနိုးထလာခဲ့သည်။ အဖြူရောင်ကြွေပြားကပ်ထားသော မျက်နှာကြတ်ကြီးကိုသူကြည့်ကာ သူ့ကိုယ်သူဘယ်ရောက်နေလဲစဉ်းစားရသည်။
*ငါသေပြီလား.....*
ဘေးဘက်လှည့်ကြည့်ရာ သူ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ပြီးအိပ်ပျော်နေသောမဟားတရားရန်သူရောင်စဉ်ကိုတွေ့လိုက်ရပါသည်။
"ငါမသေသေးဘူးပဲ"
ရောင်စဉ်လက်နှစ်ဖက်ကြားထဲကသူ့လက်ကို သူဆွဲထုတ်လိုက်ရာ ရောင်စဉ်နိုးသွားသည်။
"ဟင်. အော် မင်းသတိရပြီလား ငါကသေပြီထင်နေတာ"
"သေ သွားတာမှပိုကောင်းဦးမယ် ငါ့ကိုဘယ်သူဒီခေါ်လာတာလဲ"
"ငါလေ....မင်းကိုယ့်ကိုယ်ကိုသတ်သေချင်ရင်အပြင်မှာသေပါ အဆောင်မှာလာမလုပ်နဲ့ အဆောင်နာမည်ဆိုးမထွက်စေချင်လို့ မင်းကိုကယ်လိုက်တာ မင်းသေကြောင်းကြံတယ်ဆိုတာ ငါနဲ့ဒီတစ်ယောက်ကလွဲလို့ဘယ်သူမှမသိပါဘူး ငါမင်းကိုကယ်ချင်လို့ကယ်တာမဟုတ်ဘူးဆိုတာပြောပြတာပါ"
ဟိုကဘာမပြောရသေး အိုးမလုံအုံပွင့်နေသောရောင်စဉ်လေး စကားပွစိထိုးလာသည်။ သာလိကာဝင်စားသူလေး 😂😂😂
ရဲသွေးလည်းထိုခါမှနိုးလာသည်။
"ဆရာဝန်ကပြောတယ် မင်းရေထဲအကြာကြီးနေလို့အခုအဖျားရှိတယ်တဲ့ ငါတို့သာအချိန်မှီမကယ်ရင်မင်းသေနိုင်တယ်တဲ့ ဆန်ပြုတ်ကလွဲပြီးဘာမစားရဘူးတဲ့လေ မင်းအဖေ ဖုန်းနံပါတ်မသိလို့မခေါ်လိုက်ရဘူး ဟိုကောင်မလေးတစ်ယောက်တော့ဆက်သွယ်လိုက်တယ်"
"ဘာ......ဘယ်သူလဲ.....နှင်းဆိုတဲ့ဟာလား"
"မင်း ဖုန်း contactထဲမှာအဲ့ဒါပဲရှာတွေ့လို့ပါ"
သက်တံ့ထပ်၍စိတ်ပျက်သွားသည့်ပုံနှင့် ထ ထိုင်လိုက်သည်။
"မလှူပ်နဲ့လေ မင်းကိုဆေးသွင်းထားတာ "
"ငါအဆောင်ပြန်မယ် ဆေးရုံမနေဘူး "
"ဟေ့ကောင် စိတ်လျှော့ပါ "
ВЫ ЧИТАЕТЕ
ေခ်...ေခ်...ေခ်...(complete)
Любовные романыနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...
