အပိုင္း၆၅

3.7K 283 6
                                    

(Uni) "ဘာပြောတယ် သူတို့ကိုခွင့်ပြုပေးရမယ်ဟုတ်လား"

သူ့အဖေရဲ့စကားကို ဒေါ်ကြည်ဖြာလုံးဝနားမလည်နိုင်တော့။

"ကြည်ဖြာရယ် သားလေးဒီလိုဖြစ်ပြီးသေ သွားလိမ့်မယ်....သားလေးဒီလိုခံစားနေရတာကိုငါမမြင်ရက်တော့ဘူး"

"သြော်....နောက်ဆုံးတော့ရှင်လည်းသားဘက်ကိုလိုက်နေပြီပေါ့...သားကကျွန်မဝမ်းနဲ့လွယ်မွေးထားရတဲ့သား...အဲ့လိုသားလေးကို ယောကျာ်းတစ်ယောက်နဲ့ပြန်ပေးစားရတာလောက်နှမြောတာမရှိဘူး"

"အဲ့ဒါဆိုမင်းကသားလေးသေတာကိုမြင်ချင်လို့လား"

"သူမေ့မှာပါ...မေ့နိုင်ပါလိမ့်မယ်...အနေဝေးရင်သွေးအေးတတ်ပါတယ်....အဆက်သွယ်မလုပ်တာကြာရင်သူလည်းမေ့မှာပါ"

"အေး....အဲ့ဒီလိုမမေ့နိုင်ခင်သားအရင်သေ သွားမယ်ကွ...အခုသားလေးဖြစ်ပျက်နေပုံကိုမင်းတစ်ချက်သွားကြည့်ဦး...မျက်တွင်းတွေချိုင့်ပြီးအရမ်းအားပျက်နေပြီ....ဘာမှလည်းမစားဘူး...ငါ့သားကိုငါမကြည့်ရက်ဘူး"

"မကြည့်ရက်ရင်ရှင်မျက်စိမှိတ်ထား... အတန်ကြာရင်သူမေ့မှာပါ"

ဒေါ်ကြည်ဖြာကတော့လုံးဝသဘောမတူပေ။ တင်းမာနေသည်။

သူ့အဖေခမျာ ရောင်စဉ်စကားလေးတွေနားထဲပြန်ကြားရင်း အတော်ပင်စိတ်ထိခိုက်ရလေသည်။

တစ်ညသော်.....................

"သား.....အဖေဝင်လာမယ်နော်......"

ဦးမြင့်မောင် သက်တံ့အခန်းထဲဝင်လာတော့ သက်တံ့တစ်ယောက်ကုတင်ပေါ်မှာငိုင်နေတာကိုတွေ့လိုက်ရသည်။

"သားလေးအဆင်ပြေရဲ့လား"

"ရောင်စဉ်အိမ်ကဘာတဲ့လဲအဖေ......"

"မတွေ့ခဲ့ရဘူးသား....သူ့အိမ်ကတော်တော်ဆိုးတာပဲ"

သူ့အဖေရဲ့အဖြေကြောင့် သက်တ့ံ့မျက်နှာလေးညှိူးကျသွားသည်။

သက်တံ့ဝတ်ထားတဲ့ပုံကိုကြည့်ပြီးသူ့အဖေတစ်ချက်ပြုံးသွားသည်။

အရမ်းကလေးဆန်တဲ့အဝတ်အစားလို့ပြောရမယ်...ဦးမြင့်မောင်သူ့ကိုဒီလိုအကျႌမျိုးတစ်ခါမှမဝယ်ပေးဖူးပါ ဒူးအထက်ဘောင်းဘီအနက်ရောင်လေးနဲ့ အပြာနုရောင်အကျႌလက်တိုလေးကြောင့် သက်တံ့တကယ်ကိုကလေးဆန်နေသည့်ပုံပင်။

ေခ်...ေခ်...ေခ်...(complete) Donde viven las historias. Descúbrelo ahora