အပိုင္း ၇

5.8K 419 9
                                    

(Unicode) "စေရာ ဧည့်သည်လာတယ်"

ရုတ်တရက်စကားသံကြောင့် စေရာလှန်းမည်ပြင်ထားသောအဝတ်ပုံးကိုချကာအပြေးထွက်လာလေသည်။

"ကျွန်တော့်ကိုတွေ့ချင်တာဘယ်သူလဲ အမေလား"

"ငါပါဟ😁😁😁"

လက်စသတ်တော့ ရဲသွေးမာန်ပင်ဖြစ်နေပေသည်။ အဆောင်နေရင်းမို့လွတ်လွတ်လပ်လပ် အားကစားဘောင်းဘီတိုနဲ့ရှပ်အကျႌတစ်ထည်ကြောင့် ရဲသွေး သူ့ကိုကြည့်ပြီးမှင်သက်သွားသည်။

"အဝင်လက်မှတ်ထိုးလိုက် ပြီးရင်လိုက်ခဲ့ ဘယ်သူများလဲလို့"

စေရာအခန်းကို ရဲသွေးလိုက်လာလေသည်။

"ဟိုး အပြင်ဆောင်ကပိုကောင်းတယ်ဟ "

အဆောင်တဝိုက်ကြည့်ရင်း သူပြုံးနေပေသည်။ စေရာကအပေါ်ထပ်မှာနေသည်။

"အခန်းထဲဝင်ထိုင်ဦး ငါအဝတ်လှန်းလိုက်ဦးမယ်"

"အေးပါဟ "

စေရာ ချိတ်အရောင်နဲ့အကျႌအရောင်တူတာချင်းရွေးချိတ်နေသည်ကို ရဲသွေးသတိထားမိသည်။

"မင်းကဘာလာလုပ်တာတုန်း လင်းပါဦးဟ"

"ငါလား.....ဒါနဲ့နေပါဦး မင်းဇီဇာကြောင်တာတော်ရုံမဟုတ်ဘူးပဲ အကျႌအရောင်နဲ့ချိတ်အရောင်ရွေးနေတယ်"

"ငါဇီဇာမကြောင်ပါဘူး အရောင်မတူပဲချိတ်ရင်ကြည့်မလှလို့ပါ"

"အေးပါကွာ စာတွေပိုင်ပြီလား မင်းနေရာကစာအုပ်တွေပြန့်ကျဲလို့
အတော်လုပ် ရူးသွားမယ်"

ရဲသွေး သူ့စာအုပ်တွေကိုသေချာပြန်ထပ်ပေးနေသည်။ စေရာအဝတ်လှန်းပြီး ကုတင်ပေါ်ခုန်တက်လာသည်။ ထို့နောက်ရဲသွေးကိုအပေါ်ကနေခုန်အုပ်လိုက်၍ ရဲသွေးသူ့အောက်ရောက်သွားသည်။

"ဟေ့ကောင် ဘာလုပ်တာလဲ ဆင်း"

"မဆင်းပါဘူးဗျာ ငါ့သူငယ်ချင်းကြီးကငါ့ဆီလာတယ်ဆိုတော့မိုးတွေတောင်ရွာတော့မယ် မင်းအကြောင်းအရင်းမရှိပဲတော့မလာတာသိတယ် ပြောစမ်း ပိုက်ဆံချေးမလို့လား ငါဘိုင်ပျက်နေတာနော် စာအုပ်တော့လာမငှါးနဲ့ သေသွားမယ်ရှင်သွားမယ် ဘာလာလုပ်တာလဲ"

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now