အပိုင္း ၄

6.8K 543 10
                                    

(Unicode)အဆောင်ပြန်ရောက်သည်အထိ သူထိုမြင်ကွင်းကြီးကိုပြန်မြင်ယောင်နေသည်။

"အား......ငါ့လက်နဲ့သု့ကိုထိုးလိုက်ရတာ ငါ့လက်သနားလိုက်တာ....အဲ့လိုခြေထောက်မြေနဲ့မထိနဲ့အကောင် ငါ့လက်နဲ့ကိုမတန်တာ   အား........ဒေါသထွက်လိုက်တာ... သူနဲ့နာမည်တူနေတာလည်းမုန်းတယ် ပြောင်းမယ် အဲ့နာမည်ကိုပြောင်းချင်တယ်"

တယောက်တည်းရှိနေသောအဆောင်ဟုထင်နေသလားမသိ အသံအာပြဲကြီးနဲ့ မကျေနပ်ချက်တွေပေါက်ကွဲနေသည်။ ဘေးကအခန်းဖော်တောင်နားပိတ်ထားရသည်။

"ဟေး....သက်တံ့ မင်းနားညီးတာကွာ..ငါအိပ်မလို့"

"ငါ့ကိုသက်တံ့လို့မခေါ်နဲ့....ငါ့နာမည်ရောင်စဉ်ကွ....ရှေ့ကနှစ်လုံးကိုဖြုတ်ခဲ့တော့ ငါ့ကိုရောင်စဉ်လို့ပဲခေါ်ပေးကြတော့..."

"ဟင်....ဘယ်လိုဖြစ်တာလဲ"

သူ့ဘေးကတစ်ယောက်မှာ သူရူးနေပြီဆိုတာသေချာသိလိုက်ပြီ😁😁

"ဟုတ်တယ် ငါ့နာမည်ရောင်စဉ်လို့ပြောင်းမယ် "

"မင်းကလည်းနာမည်ပြောင်းချင်ရင် ဒီတိုင်းပြောင်းလို့မရဘူး အသိအမှတ်ပြုဖို့လိုသေးတယ်လေ"

ထိုတစ်ယောက်မှာ အစားပုတ်သူပင်ဖြစ်သည်။ တစ်နေ့ထက်တစ်နေ့ဘယ်လိုစားရမလဲပဲတွေးနေသူ ရဲသွေးမာန်။

"ငါကဘယ်လိုလုပ်ပေးရမှာလဲ"

"မနက်ဖြန်ကျောင်းပိတ်တယ်လေ မုံရွာကOceanကိုမရောက်ဖူးသေးတော့ အဲ့ဒီကိုလိုက်ပို့ပြီးမုန့်ဝယ်ကျွေးပါ"

"ငါတောင်မရောက်ဖူးတာကို ဘယ်သိမလဲဟ"

"ငါလမ်းသိတယ် ဆိုင်ကယ်လည်းငှါးလို့ရတယ် "

"အင်း အဲ့ဒါဆိုလည်းလစ်မယ်လေကွာ...ငါ့ကိုရောင်စဉ်လို့ပဲခေါ်ရတော့မယ်နော်"

..........သူတို့သွားဖို့်ပြင်ဆင်ပြီးသော်လည်း စေရာတစ်ယောက်ကိုကြည့်ပြီးနှစ်ယောက်သားစိတ်ပျက်သွားသည့်နှယ်။

"စေရာ....ငါတို့ကမင်္ဂလာဆောင်သွားမှာမဟူတ်ဘူး Oceanသွားမှာ Ocean"

"အေးလေ အဲ့သွားမှာမို့ကောင်းကောင်းမွန်မွန်ဝတ်စားထားတာကို"

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now