ဇာတ်သိမ်းခန်း

8.3K 339 25
                                        

(Uni) တစ်ခန်းလုံးလင်းထိန်းသွားတဲ့အခါမှာ သူ့မိဘတွေရော..သူ့ညီမလေးရော...ပြုံးရွှင်နေတာကိုမြင်ရ၍ ရောင်စဉ်အံ့သြ သွားပါသည်။

"အဖေ.....အမေ......ဒါကဘယ်လို"

"မိန်းမကြည့်ပါဦး....သူတို့နှစ်ယောက်မလိုက်ဘူးလား😁"

"အရမ်းလိုက်တဲ့ကလေးနှစ်ယောက်ပါပဲ လူချောလေးနှစ်ယောက်"

*အဖေနဲ့အမေလည်းသက်တံ့ကိုမြင်ရတယ်လား....ဒါဆိုသက်တံ့က တကယ်ပဲလူလား.......😱*

ရောင်စဉ် သက်တံ့ကိုမော့ကြည့်ရင်း အံ့သြနေမိသည်။

^^^^^^^^ဆရာဝန်လက်လွှတ်လိုက်လို့ စိတ်ညစ်နေသောဦးမြင့်မောင်မှာ ဆေးရုံကလူတစ်ယောက်နဲ့စကားစမြည်ပြောဖြစ်ခဲ့လေသည်။   
   .........နှလုံးအစားထိုးကုသရင်ပျောက်လိမ့်မယ်တဲ့ ဒီမှာကပြည်သူ့ဆေးရုံကြီးကလွဲရင်တခြားမရှိဘူး...ဆေးကိရိယာပစ္စည်းတွေလည်းစုံစုံလင်လင်မရှိတာမို့ အစားထိုးကုနိုင်မယ်မထင်လို့ ချက်ချင်းပဲရန်ကုန်ကိုပြောင်းသွားလေသည်။........

အတိတ်မေ့သွားပြီဆိုတဲ့ရောင်စဉ်အတွက်ထပ်ပြီးစိတ်ဒုက္ခမပေးချင်ခဲ့၍ ဦးမြင့်မောင်ကိုယ်တိုင်ရောင်စဉ်အဖေကိုသေပြီလို့သာပြောခဲ့လေသည်။ ရန်ကုန်ရောက်တော့ အသက်ကယ်ဆေးထပ်ထိုးပြီး နိုင်ငံခြားကိုရွှေ့ပြောင်းကုခဲ့ရသည်။

အစားထိုးကုသမူအဆင်ပြေခဲ့ပြီး တစ်ရက်နှစ်ရက်မှာ ရောင်စဉ်ဆီကဖုန်းလာခဲ့သေးတယ်.......

အသည်းအသန်ခင်ဗျားဘယ်သူလဲလို့မေးနေတဲ့အသံလေး......သက်တံ့ပြန်ဖြေချင်ခဲ့ပါသည်.....ဒါပေမယ့်ကုသမူပြီးတာရက်ပိုင်းဖြစ်သေးတာရယ် အောက်ဆီဂျင်ပိုက်လိုင်းသွင်းထားတာရယ်မို့ သူ့မှာသတိရရုံကလွဲလို့စကားလည်းမပြောနိုင် အစာလည်းမစားနိုင်ခဲ့ပေ။ ဖုန်းထဲကသူ့အသံလေးကိုသာနားထောင်ပြီးမျက်ရည်တို့သာကျနေခဲ့ရလေသည်။

အချိန်ထပ်ယူကာတော်တော်ကြာ အနေအထားမှန်အောင်ကြိုးစားလေ့ကျင့်ခဲ့ရလေသည်။ တဖြည်းဖြည်းနဲ့ကုသရင်း သူပုံမှန်လူတစ်ယောက်လိုပြန်ဖြစ်လာခဲ့သည်။

အတိတ်မေ့နေတဲ့သူတစ်ယောက်ကိုထပ်ပြီးအဆက်သွယ်မလုပ်ပါနဲ့တော့လိုသူ့အဖေပြောလို့ သူ ရောင်စဉ်နဲ့ခဏဝေးခဲ့ရပေမယ့်
အကြောင်းရင်းအားလုံးကိုစေရာဆီကတစ်ဆင့်ပြန်ကြားခဲ့ရလေသည်။

ေခ်...ေခ်...ေခ်...(complete) Место, где живут истории. Откройте их для себя