အပိုင္း ၃၆

4.7K 381 21
                                        

[Unicode] ရဲတွေ သူတို့အကုန်လုံးကိုအမိဖမ်းပြီးလက်ထိပ်ခတ်နိုင်လိုက်ကြသည်။

ရဲသွေး.အဆောက်အဦးပျက်ကြီးထဲကအခန်းတွေကိုဝင်ရှာလေ၏။.

ရောင်စဉ်ကတော့ ရဲတွေလက်ထဲရောက်သွားတဲ့ချမ်းငြိမ်းနောင်မျက်ခွက်ကို လက်သီးနဲ့ခပ်ပြင်းပြင်းထိုးလိုက်၏။

...............ခွပ်................

"ခွေးဖြစ်မယ့်အကောင်.....သေနာကောင်.......ခွေးသား.....ငါ့သူငယ်ချင်းဘယ်မလဲ.....ပြောစမ်း....ဘယ်မလဲ"

လက်သီးအရှိန်ကြောင့်လဲသွားသော ချမ်းငြိမ်းနောင်ကိုအလွတ်မပေး။ ကိုယ်ပေါ်ခွတက်ပြီး အသေလက်သီးနဲ့ပစ်ထိုးတော့သည်။

ခွပ်...........ခွပ်..........ခွပ်........ခွပ်.............

"သေစမ်း....သေစမ်း.....သေစမ်း.........."

သက်တံ့လည်း သူ့ကိုဆွဲထိန်းလေသည်။

"တော်တော့ ရဲတွေဖမ်းလိုက်ပြီပဲဟာ......."

"စေရာ.....စေရာ....မင်းဘယ်မလဲ....."

ရဲသွေးအမောတကြီးပြေးလိုက်ရှာရင်း..အခန်းတစ်ခုမှာ.စေရာကိုတွေ့လိုက်ပါသည်။

"စေရာ...စေရာ........"

အကျႌမှာလည်းစုတ်ပြတ်သတ်ပြီး တကိုယ်လုံးမှာလည်း ဒဏ်ရာတွေနဲ့ကုတင်ပေါ်မှာ မေ့မျောနေသောစေရာကိုတွေ့လိုက်ရသည်မှာ ရဲသွေးရင်ထဲကို မီးစနဲ့ထိုးလိုက်သလိုပါပဲ။ မျက်လုံးတွေလည်းပြာဝေပြီး စေရာဆီကိုမြန်မြန်ပြေးလာလေသည်။

"စေရာ...သတိထားပါဦး....စေရာ......ငါ့ကိုမျက်လုံးဖွင့်ကြည့်ပါဦး"

စေရာကိုသူ့ရင်ခွင်ထဲထွေးပွေ့ကာ ဖက်ထားလိုက်သည်။ အလွန်ဝမ်းနည်းနာကြင်ရ၍ ရဲသွေးငိုမိပါသည်။

"ငါမြန်မြန်လာကြိုရမှာ....ငါမှားတာ.....စေရာမျက်လုံးဖွင့်ပါဦး.."

စေရာကိုဘယ်လိုမှနှိူးလို့မရတော့၍ ပွေ့ချီပြီး အခန်းမှပြေးထွက်လာခဲ့သည်။

"လူနာတင်ကားခေါ်ပေးပါ....လူနာတင်ကား......မြန်မြန်"

ရဲသွေးရင်ခွင်ထဲမှာ အရုပ်တစ်ရုပ်လိုပျော့ခွေမေ့မျောနေသောစေရာကို မြင်လိုက်ရတဲ့အချိန်မှာ သက်တံ့ရင်ထဲ စူးနစ်သွားသလိုခံစားလိုက်ရသည်။

ေခ်...ေခ်...ေခ်...(complete) Место, где живут истории. Откройте их для себя