Unicode Ver
၂။ ပျားရည်လို ချိုမြိန်သည့်ဘဝမှ သနားစရာဖြစ်သွားပြီ
သူမက ကျန်းကျားဆန်း၏ မိဘများကို သူမ၏မိဘများသဖွယ် သဘောထားသောကြောင့် သူမနေခဲ့လေသည်။ သို့သော်လည်း ထိုနေ့ရက်များမှာ သာယာဖွယ်မရှိခဲ့ပါ။ သူမဟာ ခြေမွှေးမီးမလောင် လက်မွှေးမီးအလောင် လိုလေသိမ်းမရှိသည့် ဘဝမှာနေလာရသည့် သူဌေးသမီးလေး ဖြစ်သော်လည်း ယောက္ခမကြီးကတော့ သူမအား ကြက်စာ၊ ဝက်စာများ သွားကျွေးခိုင်းရုံတင်မကဘဲ ကောက်ပါရိတ်ခိုင်းလေသည်။
သူမလေးဟာ ဒီလိုအရာများကို ဘယ်လိုလုပ်သိတာ လုပ်တက်မည်လဲ? သူမမလုပ်တက်သည့်အခါ ယောက္ခမကြီးက သူမအားဆူပူမာန်မဲတော့သည်။ သို့သော်လည်း သူမ၏အမေလိုပဲ သဘောထားနေသေးသောကြောင့် တလေးတစားပြန်ဆက်ဆံမြဲပင်။
သူမဟာ ယောက်ျားမှ ပြန်လာခေါ်မည့်နေ့ကို ပင်ပန်းဆင်းရဲစွာဖြင့် စောင့်နေရသည်။ သူမ၏မိဘများက ပြန်လာပါရန် ပြောသည်ကိုတောင်မှ ပြန်မလာဘဲ အေကာ ဆက်စောင့်နေခဲ့သည်။
နောက်ဆုံးမှာတော့ မြောင်အဖေကြီးက သူ့သမီးကို ပြန်ခေါ်ရန် သူ့တို့သမက်အား ဖိအားပေးရတော့သည်။
သူမက ပြန်ရောက်လာသည့်အခါ အိမ်ထောင်မှုတာဝန်များကို ကျေပွန်စေလျှက် ကျန်းကျားဆန်းအား အရမ်းဂရုစိုက်ပေးမြဲပင်။
ဒီလိုအခြေအနေများက သူမ၏အဖေသည် ရုတ်တရက်သွေးတိုးကာ ဆေးရုံတက်ရချိန်မှစပြီး ပြောင်းလဲတော့သည်။ ထို့နောက်တွင် အခြေအနေဆိုးဝါးလာကာ မိန်းမနှင့် သမီးကို ထားခဲ့၍ ဆုံးပါးသွားခဲ့သည်။ ထိုအခါ သမပ်ဖြစ်သူ ကျန်းကျားဆန်းက ကုမ္ပဏီကို ပြန်ငြိမ်အောင် ထိန်းသိမ်းရတော့သည်။ သူဟာ မိန်းမနှင့် ယောက္ခမကို စောင့်ရှောက်ရင်းမှ ကုမ္ပဏီကို ကိုင်တွယ်နေသည်။
လက်တွေ့မှာတော့ ကုမ္ပဏီဟာ ကျန်းကျားဆန်း၏အပိုင်လိုပင် ဖြစ်နေပြီ။ ရင်ကွဲနာကျနေသည့် မြောင်အမေမှာလည်း တစ်နှစ်အကြာတွင် ဆုံးပါးသွားပြန်သည်။
မိဘနှစ်ပါးလုံး ဆုံးပါးသွားပြီဖြစ်သည့် မူလကိုယ်လေးမှာ သူမ၏ကမ္ဘာကြီး ပြိုကျသလိုဖြစ်ကာ ကျန်းကျားဆန်းအား ပို၍အားကိုးကာ မှီတွယ်လာတော့သည်။ သူမသည် ထိတ်ထိတ်ပျာပျာ ဖြစ်နေခဲ့သည်လေ။
ВЫ ЧИТАЕТЕ
ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)
Любовные романыAuthor(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿之炮灰女配逆袭记 Realm 14 : That Phoenix Boy Genre:Action,Adventure,Comedy,Fantasy ,Gender Bender,Martial Ar...
