17

6.3K 903 15
                                        

Unicode Ver

၁၇။ နောက်နေတဲ့ဖုန်း

နဥ်ရှုက ကျန်းကျားဆန်းနဲ့ ရွှယ်မန်မန်တို့ကြားမှာ ဘာတွေဖြစ်နေသလဲကို စိတ်မဝင်စားပေ။ အခုအချိန်မှာ သူမ၏အချိန်များကို စက်ရုံမှာပဲ မြှုပ်နှံထားသည်။ ထိုအခါ စက်ရုံက CCTVအများစုမှာ ပျက်စီးနေကြောင်း သိလိုက်ရသည်။ ကောင်းသည့်cameraအောက်တွင်ပင် အလုပ်သမားများက cameraကို ရှောင်နိုင်နေကြသည်။

ကပ်ကြေးနှင့် ချည်လုံးတို့လို ပစ္စည်းတွေဟာ အလွယ်တကူ ယူသွားနိုင်သည်။ ဖိုပစ္စည်းများသည် ဈေးကြီးလှတာ မဟုတ်သော်လည်း လူတိုင်းနီးပါးက နည်းနည်းချင်းစီယူနေသည့်အခါ များလာတော့သည်။

နဥ်ရှုသည် အဖေမြောင်ဆီမှ ငွေတောင်းလိုက်ကာ ကျွမ်းကျင်သူများကို ရှာဖွေသည်။ ထို့နောက် အလုပ်သမားတို့ အလုပ်ဆင်းသွားသည့်အခါ အရေးကြီးနေရာများတွင် လျို့ဝှက်ကင်မရာများ တပ်ဆင်လိုက်သည်။ သိုလှောင်ရုံတွင် အဓိက တပ်ဖြစ်သည်။

အဖေမြောင်က ကုမ္ပဏီမှငွေမထုတ်သုံးဘဲ သူ့ဆီက ဘာကြောင့်တောင်းသလဲကို သိချင်နေသည်

သေချာပေါက်ကို ကျန်းကျားဆန်းသည် ကုမ္ပဏီကို မျက်စိဒေါက်ထောက်ကာ ကြည့်နေသည့်အကြောင်းကို နဥ်ရှုက သူမ၏အဖေအား မပြောပေ။ အကယ်၍ ကုမ္ပဏီကငွေကို သူမသာထုတ်ယူလိုက်ပါက ကျန်းကျားဆန်းက သူမဘာလုပ်မလဲကို သိသွားလိမ့်မည်။

နဥ်ရှုက ကျန်းကျားဆန်းအား ဘာကိုမှ မသိစေချင်ပေ။ ဒီကုမ္ပဏီကို သူမတာဝန်ရှိနေတည်းက သူမသာလျှင် ဒီကုမ္ပဏီကို ထိန်းချုပ်မှာ ဖြစ်သည်။

သူမ၏အဖေကိုလည်း ကျန်းကျားဆန်း ရာထူးတိုးပြီးနောက် ၂နှစ်အတွင်းက ငွေစာရင်းများကို စစ်ခိုင်းထားသည်။

ထန်ချန်းမြို့နယ်ကအိမ်သည် ကျန်းကျားဆန်းက ကုမ္ပဏီငွေများကို လိမ်ယူကာ ဝယ်ထားခြင်းသာ သေချာပေါက်ကို ဖြစ်လိမ့်မည်။

အဖေမြောင်က သူ့အားနဥ်ရှုက ငွေစာရင်းစစ်ခိုင်းသည့်အခါ သဘောမတူပေ။
"လုံးဝသန့်ရှင်းနေတဲ့ ငွေစာရင်းစာအုပ်တော့ ဘယ်ရှိမလဲကွယ်။ ဖေဖေ မသိသလိုလုပ်ထားတဲ့ ငွေတွေလည်းရှိတယ်။ တချို့လူတွေကို ပစားပေးတာက ကောင်းတယ်လို့ ဖေဖေထင်တယ်။ အဲ့ဒါမှ မကျေနပ်တဲ့သူတွေကလည်း ပိုကြိုးသားကြမှာ။ စစ်စရာမလိုပါဘူး"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Unde poveștirile trăiesc. Descoperă acum