47

5.4K 850 22
                                        

Unicode Ver

၄၇။ သူ့ကိုပဲ အကုန်ပေးနေတာ

ကျန်းကျားဆန်းက သူသည် ရွာဘက်မှ ဆင်းရဲသားနစ်ယောက် ဖြစ်ကြောင်းကို သေချာနားလည်သိမြင်သည်။ ဒီမြို့ကြီးတွင် သူ့မီာအရင်းအနှီးလည်းမရှိသလိုအဆက်အသွယ်လည်းမရှိပေ။ တစ်သက်လုံး ကြိုးစားရင်တောင်မှ ဒီနေရာတွင် အခြေချနေနိုင်မှာ မဟုတ်ပေ။

ဒီလိုအခြေအနေမျိုးတွင် အချစ်ဆိုသည်က သူ့အတွက် ဟာသတစ်ခုလိုပင်။ ထို့ကြောင့် ကျန်းကျားဆန်းသည် ဒီမြို့မှာ ဆက်နေနိုင်ဖို့အတွက် ပြီးပြည့်စုံသည့် အကွက်ချခဲ့သည်။

သူ့မိသားစု၏ မျှော်လင့်ချက်နှင့် သူ့အောင်မြင်လိုသည့် စိတ်ဆန္ဒတို့က ကျန်းကျားဆန်းအား မောင်းနှင်ခဲ့သည်။ အုတ်မြစ်ချနိုင်ခဲ့သည်နှင့် တစ်လှမ်းချင်း အပေါ်သို့တက်လာခဲ့သည်။

နှစ်၂၀လောက် ပင်ပင်ပန်းပန်း ရုန်းကန်းကြိုးစားနေရမည်များကို ဖယ်ရှားပေးနိုင်မည့် မိန်းကလေးနှင့် သူလက်ထပ်ခဲ့သည်။

ရုံးကလူများက သု့အားမိန်းမအရိပ်ခိုကာ နေထိုင်သည်ဟု ရှုံ့ချသည်များကို သည်းခံခဲ့သည်။ ဒီလိုနှိမ်ခြင်းများအား ဝေးကွာသွားမည့်နေ့ကို ရောက်လာလိမ့်မှာ ဖြစ်သည်။

ကျန်းကျားဆန်းက ရွှယ်မန်မန်ကို ဖက်လိုက်သည်။ ဒီလိုရုပ်ဝတ္တုကိုပဲ အလေးထားသည့် နေရာတွင် သူမအား သူပိုကောင်းစွာ ချစ်ပေးချင်သည်။

CEOမဟုတ်တော့သည့် နဥ်ရှုမှာတော့ အဖေမြောင်နှင့် ဆေးရုံသို့သွားကာ ဆေးစစ်ပေးသည်။ အဖေမြောင်သောက်ဖို့ဆေးကိုလည်း ကိုယ်တိုင်ကျိုတိုက်သည်။ သူမသည် အိမ်ရှင်မတစ်ယောက်လုံးဝ ဖြစ်နေရှာသည်။

အဖေမြောင်ကတော့ သူ့သမီးလေးမှာ ဘာကိုမှဂရုမစိုက်ဘဲ ဒီလိုနေသည်ကို တွေ့နေရသည့်အခါ အနည်းငယ် စိတ်ပျက်စွာဖြင့်
"ကလေးမ ဘာတွေလုပ်နေတာလဲ? ဟိုကောင်ကို ဒီလိုပဲသည်းခံနေမှာလား? CEOရာထူးတောင် လွှဲပေးလိုက်သေးတယ်။ သူ့ကို အကုန်လုံး ပေးနေတာ ဖြစ်မနေဘူးလား?"

နဥ်ရှုကတော့ ကက်ကြေးတစ်လက်ဖြင့် ခတ္တာရွက်များကို ညှပ်နေရင်းမှ အမေမြောင်အား
"မေမေ ဒီလိုညှပ်ရတာမလား?"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя