8

6.4K 955 24
                                        

Unicode Ver

၈။ CEOရာထူးက လှပ်ထားတယ်မလား?

"ယောက်ျားရသွားတော့ သမီးက ဖေဖေကိုတောင် လုံးဝမေ့နေပြီမလား?"
အဖေမြောင်က စိတ်ပျက်နေသည့်ပုံဖြင့် ပြောသည်။

နဥ်ရှုက အလေးအနက်ထားသည့် မျက်နှာဖြင့်
"ဖေဖေ သမီးပြောစရာရှိတယ်"

အဖေမြောင်က သူဌေးကြီးတစ်ယောက်လို ရင်ဘတ်ကိုပုတ်၍ ရုပ်တည်ကြီးဖြင့်
"ဘာများလဲ? သမီးလေးအတွက် ဖေဖေမရှင်းပေးနိုင်တဲ့ကိစ္စဆိုတာ မရှိဘူး"

နဥ်ရှုက အဖေမြောင်ကို စာကြည့်ခန်းထဲသို့ ခေါ်သွားကာ တန်းပြောလိုက်သည်။
"ဖေဖေ သမီးကုမ္ပဏီကို ဝင်လာချင်တယ်"

အဖေမြောင်က အနည်းငယ်အံ့သြသွားကာ
"ဘာဖြစ်လို့ ရုတ်တရပ်ကြီး ကုမ္ပဏီကို ဝင်မှာလဲ?"

အဖေမြောင်က သူ့သမီးမှာ ကျန်းကျားဆန်းနှင့် အချိန်အတူဖြုန်းချင်သည်ဟု ထင်သွားပြီး
"ကျန်းကျားဆန်းရဲ့ အတွင်းရေးမှူးဖြစ်အောင် လုပ်ပေးရမလား?"

နဥ်ရှု : ➡_➡

"CEOရာထူးက လှပ်ထားတယ်မလား? သမီးCEOလုပ်မယ်"
နဥ်ရှုက အမူအရာမှာ လေးနက်ကာ စိတ်အားထက်သန်နေသည်။

အဖေမြောင်က နဥ်ရှု၏ ပုခုံးလေးကိုပုတ်ကာ
"ကုမ္ပဏီကို စီမံခန့်ခွဲရတာ လွယ်တာမဟုတ်ဘူး သမီးရဲ့။ လောဘမကြီးရဘူး ဟုတ်ပြီလား?"

"သမီးအတည်ပြောနေတာ။ မနက်ဖြန်ကစပြီး အလုပ်စဆင်းမယ်။ တကယ်လို့ သမီးမလုပ်နိုင်ရင် ဖြုတ်ချလိုက်လေ"
နဥ်ရှုက အဖေမြောင်၏ လက်ကိုဆွဲကာ ကလေးတစ်ယောက်လို ပူဆာလိုက်သည်။
"ဖေဖေ သမီးကြိုးစားကြည့်ချင်တယ်။ ကုမ္ပဏီကို စီမံခန့်ခွဲချင်ပါတယ်ဆို"

"ဟုတ်ပြီ။ ဟုတ်ပြီ။ မလုပ်နိုင်ရင်တော့ ဆင်းပေးရမယ်နော်"
အဖေမြောင်က သဘောတူလိုက်သော်လည်း သူ့သမီး၏အရည်အချင်းကို မယုံကြည်ပေ။

နောက်နေ့တွင် နဥ်ရှုက လုပ်ငန်းခွင်ဝတ်စုံပြည့်ကို သားနားစွာဝတ်ဆင်ကာ အောက်ထပ်သို့ ဆင်းလာသည်။ အဖေမြောင်က နဥ်ရှုကို မြင်သည့်အခါ
"ဟုတ်တယ်။ သမီးဝတ်ထားတာက မဆိုးဘူးပဲ"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Where stories live. Discover now