24

6K 911 69
                                        

Unicode Ver
၂၄။ ATM စက်လို သဘောထား

မြောင်မြောင်က တုံးအမှန်းကို ကျန်းကျားဆန်းက သိသော်လည်း သူမသည် စရိုက်သည် သိမ်မွေ့ကာ နူးညံ့လွန်းသည်။ သို့သော် ဒီမြောင်မြောင်က သူ့စိတ်ထဲတွင် ထင့်သွားသည်။

ရွာကပြန်လာတည်းက မြောင်မြောင်သည် သူ့အပေါ်တွင် ဆက်ဆံသည့်ပုံက ပြောင်းလဲသွားသည်။ ကျန်းကျားဆန်းက လက်ရှိမြောင်မြောင်သည် ကိုင်တွယ်ရခက်နေသည်ကို ခံစားမိနေသည်။

ကျန်းကျားဆန်း၏ သူ့ကိုယ်သူ ဂုဏ်အယူဆုံးမှာ ချမ်းသာသည့်အိမ်မှ မမလေး မြောင်မြောင်ကို သူ့၏အချစ်နွံထဲတွင် လုံးဝကျဆင်းသွားအောင် လုပ်နိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း အခုတော့ လွဲနေသလို ဖြစ်လာပြီ။

ကျန်းကျားဆန်းက နဖူးကိုပွတ်နေမိသည်။ မြောင်မြောင်အား ရွာကိုပိုမိခြင်းကို သူအကြီးအကျယ် နောင်တရလို့သာ နေသည်။
'ရွာမှာ အရမ်းပင်ပန်းခက်ခဲလွန်းလို့ ဥာဏ်ပါကောင်းလာတာလား?'

"ကျားဆန်း သူဘယ်တော့ ပြန်လာမှာလဲ? အိမ်ထောင်ကျနေတဲ့ မိန်းမတစ်ယောက်က အပြင်မှာ ဒီလောက်နောက်ကျတဲ့အထိ နေရသလား? ပြန်လာရင်တော့ အစဥ်အလာကို မလိုက်တဲ့ဟာမကို ဝက်ခြံထဲထည့်ရမယ်"
ကျန်းကျားဆန်း၏အမေက စောင့်ရသည်မှာ ပင်ပန်းလာသည်။ သန်းခေါင်ချိန်နီးနေသဖြင့် ရွာမှာဆိုရင် ဒီအချိန်မှာ သူတို့အိပ်မောကျနေလောက်ပြီ။

ကျန်းကျားဆန်းက ပြောသည်။
"နောက်ကျနေပြီမလို့ မနက်ဖြန်မှ ကြန်လာမယ်တဲ့။ သူ့မိဘတွေအိမ်မှာ ဒီညနေလိမ့်မယ်"

ကျန်းကျားဆန်း၏အမေက ပိုစိတ်မကျေမနပ် ဖြစ်သွားသည်။
"လက်ထပ်ပြီးသားကို မိဘအိမ် သွားနေတယ်? ကျန်းမိသားစုနဲ့ လက်ထပ်ပြီးရင် သူလည်းကျန်းမိသားစုပဲကို"

ကျန်းကျားဆန်းက သူ့အမေ၏စကားကို ကြားသည့်အခါ နားထဲတွင် ကန့်လန့်ကြီးဝင်သွားသဖြင့်
"အမေ မြောင်မြောင်က ကျွန်တော့်မိန်းမပဲဗျာ။ ကောင်းကောင်းဆက်ဆံစမ်းပါ။ သူက ကုမ္ပဏီရဲ့ လက်ရှိCEOလုပ်နေတာ။ ကုမ္ပဏီကိုလည်း သူပဲအမွေဆက်ခံရမှာ။ သူနဲ့ဆက်ဆံရေး မကောင်းရင် ကျွန်တော်တို့အတွက် ဘာအကျိုးမှ မရှိဘူး"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя