10

6.5K 954 18
                                        

Unicode Ver

၁၀။ အလှပန်းအိုးလိုCEO

အတွင်းရေးမှူးက ရုံးခန်းတံခါးကို ပိတ်လိုက်ပြီး
"ကျားဆန်း ဥက္ကဋ္ဌကြီးက CEOရာထူးကို နင့်အတွက် လှပ်ထားတာမလား? မြောင် မြောင်မြောင်က အခုဘာလာလုပ်တာလဲ? သူကဘာမှလည်း သိတာမဟုတ်ဘဲနဲ့"

ကျန်းကျားဆန်းက နဖူးကိုပွတ်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ
"သူအကြာကြီးခံမှာ မဟုတ်ပါဘူး။ ဒီနေရာက သူနဲ့မဖြစ်ဘူး"

ထို့နောက် အတွင်းရေးမှူးက ပြောသည်။
"သူက နင့်နဲ့အတူ အလုပ်လုပ်ချင်နေတာလားမှ မသိတာ"
သူမ၏လေသံတွင် သဝန်တိုမှုအပြည့်ဖြင့် ဖြစ်သည်။

ကျန်းကျားဆန်းက အသက်ဝဝရှုပြီးနောက် ပြောသည်။
"ငါ့ခံစားချက်တွေကို နင်သိသင့်တယ်။ နင့်အပေါ်ငါ့ခံစားချက်က ဘယ်လိုရှိတယ်။ သူ့ကိုဘယ်လိုသဘောထားတယ် ဆိုတာတွေကို"

ကျန်းကျားဆန်းက စိတ်ညစ်နေသည်ကို မြင်သည့်အခါ အတွင်းရေးမှူးက နှစ်သိမ့်ပေးသည်။
"ကျားဆန်း အဆင်ပြေသွားမှာပါ။ နင်က ငါ့တွေ့ဖူးသမျှလူတွေထဲမှာ အတော်ဆုံးပဲ"

ကျန်းကျားဆန်းက ခနတွေးနေပြီးနောက် သူ့အိမ်ကိုဖုန်းဆက်သည်။ သူ့အမေက ဖုန်းကိုင်လာသည်။

ကျန်းကျားဆန်းက လိုရင်းကိုတန်းမေးလိုက်သည်။
"အမေ အိမ်မှာတုန်းက မြောင်မြောင်က ဘယ်လိုလဲ?"

"ဘယ်လိုရမလဲ? ပုံမှန်ချွေးမလိုပဲ လုပ်စရာရှိတာလုပ်တာပေါ့"
ကျန်းကျားဆန်း၏အမေက စိတ်ဝင်စားမှုမရှိဘဲ ပြောသည်။ သူ့လေသံက ကျယ်လွန်းသောကြောင့် speakerမဖွင့်တောတောင်မှ ဘေးကအတွင်းရေးမှူး ကြားနေရသည်။

ကျန်းကျားဆန်းက သူ့အမေမှာ သူမအား အလုပ်ကြမ်းများ လုပ်ခိုင်းရုံသာမက ကောက်ရိတ်သည့်အထိခိုင်းခြင်းမှန်း သိသောအခါ မျက်ခုံးတွေပင့်တက်သွားပြီး မနေနိုင်စွာ ပြောလိုက်သည်။
"အမေကလည်း သူကဒါမျိုးတွေ ဘယ်လုပ်တက်မလဲ? လုပ်နိုင်မယ့်သူလည်း မဟုတ်ဘူးလေဗျာ"

ကျန်းကျားဆန်း၏အမေက လေသံပိုမြင့်လာကာ
"ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ ဟမ်? ချွေးမတစ်ယောက်က သူ့လုပ်ရမယ့်အလုပ်ကိုတော့ လုပ်ရမှာပဲ! သူမလုပ်နိုင်ဘူးဆိုတာ ဘာသဘောလဲ? ငါ့သားကိုယူပြီး ငါတို့ကျန်းမိသားစုထဲ ရောက်လာတာကို။ အလုပ်လေး နည်းနည်းလောက် ခိုင်းလိုက်ရုံနဲ့ ဖြစ်ပျက်နေတာများ! နင့်ကိုတောင် ပြန်တိုင်တယ်လား?"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя