46

6.1K 880 24
                                        

Unicode Ver

၄၆။ ကိုယ်လက်ဆောင်ပေးချင်တယ်

နဥ်ရှုက ရွှယ်မန်မန်၏ တန်ဖိုးကြီးအသုံးအဆောင်များကို စိတ်ဝင်စားနေကြောင်း ကျန်းကျားဆန်းက သတိထားမုသည့်အခါ သူမတစ်ခုခုကို သံသယဝင်သွားမည်ကို စိုးရိမ်လာသည်။

"တကယ်တော့ အတွင်းရေးမှူးရွှယ်က ချမ်းသာတဲ့ မိသားစုကဆိုတော့ နာမည်ကြီးတံဆိပ်တွေ ဝတ်တာက သူ့အတွက် သိပ်ထူးခြားမနေဘူး"
ကျန်းကျားဆန်းက ပြောသည်။

"မြောင်မြောင် ကိုယ်မင်းကို လက်ဆောင်ပေးမလို့"
ကျန်းကျားဆန်းက အံ့ဆွဲကိုဖွင့်လိုက်ကာ ရတနာဘူးလေးတစ်ခုကို ထုတ်လိုက်သည်။ ဖွင့်လိုက်သည့်အခါ အထဲတွင် စိန်ဆွဲကြိုးတစ်ကုံးက ရှိနေသည်။

ဆွဲကြိုးဒီဇိုင်းမှာ ဆန်းပြားလွန်းသည်။ ကျန်းကျားဆန်းက နွေးထွေးစွာဖြင့်
"ကိုယ် မင်းအတွက် သီးသန့်ဝယ်ထားတာ"

နဥ်ရှုက ခပ်ဖွဖွပြုံးလိုက်ကာ
"ရှင်က CEOဖြစ်လာတော့မယ့်သူလေ။ ဘာဖြစ်လို့ ကျွန်မကို လက်ဆောင်ပြန်ပေးနေတာလဲ?"

"မြောင်မြောင် ဒါဝယ်ဖို့အတွက် ကိုယ့်ရဲ့တစ်နှစ်စာဝင်ငွေ တစ်ဝက်ကို သုံးလိုက်ရတာ။ အရင်တစ်ခေါက်ကလည်း အတွင်းရေးမှူးရွှယ်က နာမည်ကြီးတံဆိပ်တွေ ဝတ်တယ်လို့ မင်းပြောဖူးတယ်လေ။ ဒီတစ်ခါတော့ မင်းအတွက် ကိုယ်ဝယ်ထားလိုက်တာ"
ကျန်းကျားဆန်းက နဥ်ရှုအား ညင်သာစွာကြည့်ပြီး
"မြောင်မြောင် သဘောကျလား?"

နဥ်ရှုက ဆွဲကြိုးကို ကြည့်လိုက်သည်။ ဒီဆွဲကြိုးက ညစာစားပွဲမျိုးကို တက်သည့်အခါ ဝတ်ဆင်ရန် သင့်တော်သည့်ပုံစံမျိုး ဖြစ်သည်။ တစ်နေ့တာဝတ်ဆင်လို့ ရမည့်ပုံမျိုး မဟုတ်ပေ။

မြောင်မြောင်ကြိုက်သည့် ဒီဇိုင်းမျိုးလည်း မဟုတ်သောကြောင့် နဥ်ရှုသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမအတွက်သီးသန့် ဝယ်ထားတာ မဟုတ်မှန်း သိလိုက်သည်။

ရွှယ်မန်မန်အတွက် ဝယ်ထားတာပဲ ဖြစ်နိုင်သည်။ အခုတော့ ဒါကိုသူမအား ပေးနေလေပြီ။

"ကိုယ်ဆွဲပေးရမလား?"
ကျန်းကျားဆန်းက မေးသည်။

"မလိုပါဘူး"
နဥ်ရှုက ခေါင်းခါကာ ဘူးထဲသို့ထည့်လိုက်ပြီး ပြန်ပိတ်လိုက်သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Opowieści tętniące życiem. Odkryj je teraz