65

6.1K 919 102
                                        

Unicode Ver

၆၅။ ောက်ကျိုးနည်းတွေက ဘယ်လိုတောင်!

"မြောင်မြောင် ကိုယ်မင်းကို ချစ်ဖူးခဲ့တယ်။ အခုလည်း ချစ်နေတုန်းပါပဲ"
ကျန်းကျားဆန်းက သူ့ရင်ဘတ်ပေါ်ကို လက်တင်ကာ ပြောသည်။

နဥ်ရှုက ကျန်းကျားဆန်း၏ ဒီစကားများကို ကြားရသည့်အခါ ရင်ထဲမှ ဝမ်းနည်းမှုနှင့် နာကျင်မှုလှိုင်းလုံးကြီးက လှိုက်တက်လာသည်။ ဒီခံစားချက်က မူလကိုယ်ကြောင့် ဖြစ်သည်။ ပျောက်ကင်းနိုင်မှာမဟုတ်သည့် စိတ်ဒဏ်ရာများကို မြောင်မြောင်က ခံစားရပြီးသည့်အခါ ဒီလိုနှစ်သိမ့်သည့် စကားတို့က သူမကို ဝမ်းနည်းစေသည်။

သို့သော်လည်း ကျန်းကျားဆန်းက အချစ်ဆိုသည့် စကားကို ပြောဖို့တောင် မခိုက်တန်သည့်သူသာ ဖြစ်သည်။

နဥ်ရှုက စိတ်နှလုံးစင်ကြယ်စေသည့်ဂါထာကို ရွတ်လိုက်ရသည်။ ထိုအခါမှ သူမ၏စိတ်သည် ကြည်လင်လာတော့သည်။

မြောင် မြောင်မြောင်က အရမ်းသနားဖို့ကောင်းသည်ဟု နဥ်ရှုက ခံစားရသည်။
'အဲ့ဒီလို သူ့ရဲ့ကြောင်စီစီအချက်တွေကြောင့်ပဲ အရင်ကကံမကောင်း အကြောင်းမလှခဲ့တာ ဖြစ်မယ်'

ကျန်းကျားဆန်းက အရာအားလုံးကို စတေးရဲသည်။ မူလဇာတ်ကြောင်း၏ နောက်ဆုံးတွင် မြောင်မြောင်ကိုတောင် သူစတေးခဲ့သည် ဖြစ်သည်။

နဥ်ရှုက အမြင်ကတ်လာသောကြောင့်
"ဒါဆိုရင် ရွှယ်မန်မန်ကရော?"

"ရွှယ်မန်မန်လား? ဟား!"
ကျန်းကျားဆန်းက ရယ်သည်။
"သူ့ဆီမှာ ကိုယ့်ရဲ့အရိပ်အယောင်တွေ မြင်နေရလို့ ဖြစ်မယ်ထင်တယ်။ ကိုယ့်ကိုကိုယ် သဘောကျတာလို့ သူ့ကိုစိတ်ဝင်စားမိတာကို ကိုယ်မသိခဲ့မိတာပဲ"

နဥ်ရှု : 'သောက်ရူး!'

'ကျန်းကျားဆန်းလို အတွင်းစိတ်အထိ အမှောင်ဖုံးနေသည့် အကောင်က မြောင်မြောင်လို ကြင်နာတက်တဲ့ အဖြူထည်လေးကို ကြိုက်ခဲ့တယ်။ ဒါပေမယ့် မြောင်မြောင်နဲ့ အတူရှိနေတိုင်း သူယုတ်မာတာက ပိုသိသာလာလို့ သူကိုယ်သူ ဘုရင်လိုခံစားရအောင် မယားငယ်ထားတယ်'

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Where stories live. Discover now