50

5.5K 927 40
                                        

၅၀။ အချိန်ကျပြီ

အန်တီပင်း၏ တရားခွင်ကို နဥ်ရှုက မတက်မဖြစ်တက်ရန် မလိုအပ်ပေ။ အန်တီပင်းက အပြစ်အကုန်လုံးကို ခံယူကာ ကျန်းကျားဆန်းအား ကာကွယ်ပေးနေလည်း ဘာမှမဖြစ်ပေ။ အန်တီပင်းက သူ့လုပ်ခဲ့သည့်ပြစ်ဒဏ်ကို သူခံရခြင်းသာ။

နဥ်ရှုထွက်သွားတော့မည်ကို မြင်သည့်အခါ အန်တီပင်းက အမြန်အော်ခေါ်သည်။
"မမလေး ခနလေး! ပြောပါတော့မယ်။ ဒါပင်မယ့် အခြေအနေတစ်ခုတော့ ရှိတယ်"

"ပြောချင်ရင်ပြော။ မပြောချင်လည်းနေ။ အဲ့ဒီအခြေအနေကိုတော့ သဘောမတူနိုင်ဘူး။ ကျွန်မနဲ့ လာညှိနှိုင်းဖို့ အခွင့်အရေး လုံးဝမရှိတာကို မေ့မနေနဲ့။ ဝန်မခံလည်း သက်သေကရှိနေပြီးသား။ အန်တီကလူသတ်သမားလည်း ဖြစ်နေပြီးပြီ။ အန်တီကြောင့် အန်တီ့သားလည်း ပညာရေးရော အလုပ်အကိုင်အခွင့်အလမ်းတွေရော ပျက်စီးနေပြီ"

'ဒါတောင်မှ လာညှိချင်သေးတယ်လား? အိပ်မက် မက်နေတာပဲ'

အန်တီပင်းက ရင်နာစွာဖြင့် ချုံးချုံးငိုသွားသည်။ နဥ်ရှုကတော့ လှည့်ကိုမကြည့်ဘဲ ထွက်လာသည်။

ရဲစခန်းကထွက်မှ သက်ပြင်းချနိုင်သည်။

'မိန်းမတွေက ကိုယ့်ကိုယ်ကို ချစ်ခင်ဂရုစိုက်ရမယ်။ ကိုယ့်မိဘတွေကို ရွေးချွယ်လို့ မရပင်မယ့် ကျန်တဲ့တစ်ဘဝလုံးမှာ မယုံကြည်ရတဲ့လူ လက်ထဲကို မအပ်နှင်းမိဖို့ကိုတော့ သေချာအောင် လုပ်နိုင်ပါသေးတယ်'

'လက်ထပ်ပြီးသွားတာနဲ့ ယောက်ျားဘက်က မိသားစုတွေနဲ့ ရင်ဆိုင်ရမယ်။ ကလေးမွေးပေးရမယ်။ အိမ်အလုပ်တွေ လုပ်ရမယ်။ ယောက္ခထီးနဲ့  ယောက္ခမတွေကို စောင့်ရှောက်ပေးရမယ်'

'ဒီလိုဘဝမှာ ကိုယ်ရွေးချယ်မိတဲ့သူက မကောင်းခဲ့ရင် အရှင်လတ်လတ် ငရဲကျနေတော့မှာ။ ရင်အကွဲခံပြီး ကွာရှင်းလိုက်ပြီးရင် ကိုယ့်အတွေးအခေါ်တွေအတိုင်း ဆက်ရှင်သန်နိုင်ပြီးတော့ နောက်ထပ်အယုံလွယ်တော့မှာ မဟုတ်ဘူးမလား?'

နဥ်ရှုကတော့ သူမ၏ လက်ရှိဘဝကို ကျေနပ်လျှက်ရှိသည်။ 'တစ်ယောက်တည်း ဖြတ်သန်းနေရတယ် ဆိုရင်တောင်မှ ငါကဝိညာဥ်အသွင်မလို့ လွတ်လွတ်လပ်လပ်ရှိတယ်'

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя