18

6.5K 926 33
                                        

Unicode Ver

၁၈။ နားလည်နိုင်ပေးနိုင်တယ်မလား?

အိမ်ထဲတွင်လည်း ဆေးလိပ်နံတို့က မွှန်နေသည်။ သူမဧည့်ခန်းထဲသို့ သွားလိုက်သည့်အခါ လူစည်ကားနေသည်။

ကျန်းမိဘတွေက ဆိုဖာပေါ်တွင် ထိုင်နေကြသည်။ ကျန်းကျားဆန်း၏အဖေက ဆေးလိပ်ထိုင်ဖွာနေသဖြင့် ပြာတွေက ဆိုဖာပေါ်တွင် အပုံလိုက်ကျနေကာ ညစ်ပတ်နေသည်။ ကျန်းကျားဆန်း၏ အမေက သစ်သီးစားနေကာ စားပွဲပေါ်တွင် သစ်သီးခွံတို့ဖြင့် ရှုပ်ပွနေသည်။

ကျန်းညီမလေးက အိမ်ထဲတွင် ကျီးကန်းတောင်းမှောက် ကြည့်နေကာ သဘောကျသည့် မျက်လုံးများဖြင့် တောက်ပနေသည်။ ကျန်းမောင်လေးကတော့ ကွန်ပျူတာတွင် အကျအနနေရာယူကာ စိတ်အားတက်ကြွစွာဖြင့် ဂိမ်းဆော့နေပြီ။

နဥ်ရှုတစ်ခါမှ မမြင်ဖူးသည့် သူစိမ်းတွေလည်း ရှိနေသေးသည်။ ကျန်းမိသားစုဝင်တော့ ဖြစ်ပုံရသည်။ သုံးနှစ်အရွယ် ကလေးတစ်ယောက်ကို ပွေ့ချီထားသည့် မိန်းမတစ်ယောက်ဖြစ်ပြီး သူ့ဘေးနားတွင် အိမ်ကိုစေ့စေ့စပ်စပ်ကြည့်ကာ လက်တွေကိုပွတ်နေသည့် မကောင်းသည့်အကြည့်များဖြင့် လူတစ်ယောက်လည်း ရှိနေသည်။

နဥ်ရှု : . . .
'ငါ့မျက်လုံးတွေ ညစ်ပတ်သွားလို့ ဆေးရတော့မှာပဲ'

တကယ့်တော့ သူမ၏အိမ်သည် အတော်အတန်ကြီးလှသည်။ ဧကနှစ်ရာလောက်ရှိတာ ဖြစ်သော်လည်း လူအများကြီးဝင်လာသည့်အခါ ပြည့်ကျပ်နေသလိုပင်။

"မြောင်မြောင် ပြန်လာပြီလား?"
ကျန်းကျားဆန်းက မီးဖိုခန်းထဲမှ ထွက်လာကာ နဥ်ရှုကို နူးညံ့စွာကြည့်သည်။

နဥ်ရှုကတော့ ဆေးလိပ်ငွေ့တွေကို အဆုတ်ထဲသို့ အများကြီးရှုလိုက်ရသဖြင့် သီးကာ ချောင်းဆိုးနေရှာသည်။

"ဟမ့် နင်ဘယ်ကနေ ထွက်လာတာလဲ? မိန်းမက အိမ်မှာမနေတော့ နင်ကချက်ပြုတ်နေရပြီပေါ့!"
ကျန်းကျားဆန်း၏အမေက ယောက္ခမအာဏာကို စပြပါပြီ။ သူမသည် ညစ်နွမ်းနေသည့် အဝတ်များကို ဝတ်ဆင်ထားကာ အသားကလည်း မည်းကာခြောက်ကပ်နေသဖြင့် ဒီလိုအဆင့်အတန်းမြင့်လှသည့်အိမ်နှင့် မအပ်ဆက်ပေ။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Dove le storie prendono vita. Scoprilo ora