56

5.6K 926 20
                                        

Unicode Ver

၈၆။ ၈သန်းနီးပါး အလွဲသုံးစားလုပ်ခြင်း

တကယ်တော့ ကျန်းကျားဆန်း၏ အမေတွင် ပြောဆိုပိုင်ခွင့် လုံးဝမရှိပေ။ ကျန်းကျားဆန်း၏ အဖေမှာသာ ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိသည်။ ဒီလိုမိသားစုတွင် ကြီးပျင်းလာသည့် ကျန်းကျားဆန်းသည် ယောက်ျားကသာ လွှမ်းမိုးခြယ်လှယ်သင့်ဟု ယုံကြည်သည်။

ဘယ်လောက်ပဲ မြောင်မြောင်က အသေကောင်းပြီး ကျန်းကျားဆန်း၏ နောက်ခံကို မကြည့်ခဲ့သော်လည်း ကျန်းကျားဆန်းကသာ သိက္ခာကို ထိခိုက်သလို သူ့ဟာသူခံစားနေရပြီး မြောင်မြောင်ကို ငြင်းပယ်နေခဲ့တာဖြစ်သည်။

"ချွေးမ ငါတို့မိသားစုမှာ ပိုက်ဆံက တကယ်မရှိဘူး။ ငါတို့ဘက်က  အလွန်ဆုံး ထုတ်နိုင်ရင် ၁၀၀,၀၀၀ပဲ"
ကျန်းကျားဆန်း၏ အဖေကပြောသည်။

'100,000? လွန်ခဲ့သည့် ၂နှစ်အတွင်း  ကျန်းကျားဆန်းက အိမ်ကိုထောက်ပံ့ခဲ့ပုံရသားပဲ'

ဒါပေမယ့်လည်း ကျန်းကျားဆန်း၏ အဖေမှာ ၁၀,၀၀၀ကိုတောင် ထုတ်ပေးနိုင်မှာ မဟုတ်သည်ကို နဥ်ရှုက သေချာသိပါသည်။

နဥ်ရှုက ခေါင်းခါလိုက်ကာ
"ဘယ်လိုလုပ် လောက်မှာလဲ? ကျန်းကျားဆန်းက ၈သန်းလောက် အလွဲသုံးစား လုပ်သွားတာ။ ဒီကိစ္စက လွယ်လွယ်နဲ့ ရှင်းမရဘူး။ တကယ်လို့ ငွေပမာဏက ပြန်ဖာလို့ရတဲ့ အနေအထားဆိုရင်တော့ အဆင်ပြေနိုင်တယ်"

"၈သန်း? ဘယ်လိုလုပ်ပြီး ကျွန်မတို့မှာ အဲ့ဒီလောက် အများကြီးရှိမှာလဲ? အမကြီးမြောင်တို့ မိသားစုက ချမ်းသာတာပဲကိုဟာ။ ထုတ်ပြီးရှင်းလိုက်လို့ မရဘူးလား?"
ကျန်းညီမလေးသည် ငွေပမာဏကို ကြားသည်နှင့် ခုန်သွားလုမတက် ကြောက်လန့်သွားသည်။ သူတို့ပိုင်ဆိုင်သမျှ အကုန်ရောင်းချရင်တောင်မှ ဒီလောက်အများကြီး မရှိနိုင်ပေ။

"အဖေ အကိုကြီးကို ဒီတိုင်းထား. . ."
ကျန်းညီမလေး၏ စကားမဆုံးခင်တွင်ပဲ ကျန်းကျားဆန်း၏ အဖေက ပြတ်သားစွာ
"အဲ့ဒါက နင့်အကိုကြီး! ဘာပဲ​ဖြစ်ဖြစ် ရအောင်ထုတ်ရမယ်"

ကျန်းညီမလေးက ဒီလောက်ငွေ အများကြီး လိုက်ရှင်းမပေးချင်သောကြောင့် ထောင်ထဲတွင်သာ ၁နှစ်၂နှစ်လောက် ထားလိုက်ချင်သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora