1

9.7K 884 13
                                        

Unicode Ver

၁။ ဆင်းရဲသားနဲ့ သူဌေးသမီး

ဒီမူလဇာတ်ကြောင်းမှာ ဆင်းရဲသားနှင့် သူဌေးသမီးတို့ အကြောင်းဖြစ်သည်။

မူလကိုယ်၏ နာမည်မှာ မြောင်မြောင်မြောင်ဖြစ်သည်။ သူမမှာ မိဘတွေ ကန့်ကွက်နေသည့်ကြားက သူမအဖေ၏ ကုမ္ပဏီမှဝန်ထမ်း ကျန်းကျားဆန်းကို လက်ထပ်ခဲ့သည်။ မြောင်မြောင်မြောင်မှာ သူမ၏အမေသည် သူမကိုမွေးဖွားပြီးနောက် သွေးအများကြီးဆုံးရှုံးသွားသည့်အတွက် ကလေးထပ်မမွေးနိုင်သောသဖြင့် တစ်ဦးတည်းသောသမီးဖြစ်နေသည်။

ထို့ကြောင့် ဒီဇနီးမောင်နှံမှာ သူတို့၏သမီးလေးကို အရမ်းချစ်ကြသည်။ သူမက အလွန်ရိုးအစွာဖြင့် ကြီးပြင်းလာခဲ့သည်။ သူမအဖေ၏ ကုမ္ပဏီကိုလာသည့် တစ်ခါတုန်းမှာ သူမ၏ဒေါက်မြင့်ဖိနပ်မှာ ကွာသွားခဲ့ဖူးသည်။ ထိုအချိန်တွင် လူတစ်ယောက်ကပေါ်လာကာ သူမဖိနပ်ကိုကော်ဖြင့်ကပ်ပေးရင်းဖြင့် ဒီလိုရှက်ဖွယ်အခြေအနေမှ ကယ်တင်ပေးခဲ့ဖူးသည်။

ကျန်းကျားဆန်းက စကားနည်းကာ စိတ်အားထားသက်လွန်းသည့် ယောက်ျားတစ်ယောက် ဖြစ်သည်။ သူက သူမ၏ အခြေအနေကို လှောင်ရယ်မနေဘဲ ဝင်ကူညီပေးခဲ့သည်။

သူမက ကော်လံအင်္ကျီအဖြူရောင်ဖြင့် လက်များကအစ လုံးဝသန့်ရှင်းနေသည့် ကျန်းကျားဆန်းကို မြင်သည့်အခါ ဒီယောက်ျားမှာ မိုက်သည်ဟု သူမထင်သွားသည်။

သူမက ထိုလူ၏အလုပ်သမားကဒ်မှ နာမည်ကို ခိုးကြည့်ကာ မှတ်ထားလိုက်သည်။

ထိုအချိန်မှာပဲ သူမသည် စိတ်လှုပ်ရှားမိသွားသည်။ ထို့ကြောင့် သူမအဖေ၏ ကုမ္ပဏီသို့ ချောင်းပေါက်မတက် ရောက်လာတော့ကာ ကျန်းကျားဆန်းနှင့် ရင်းနှီးသွားသည်။

ကျန်းကျားဆန်းမှာ စကားသိပ်မပြောသော်လည်း လူတစ်ဖက်သားကို လုံခြုံမှုပေးနိုင်သည့်သူမျိုး ဖြစ်သည်။ သူတို့နှစ်ယောက်၏ ခံစားချက်များ သေချာသွားသည့်အခါ ကျန်းကျားဆန်းက သူ့မိသားစုအခြေအနေကို သူမအား ပြောပြသည်။

ကျန်းကျားဆန်း၏ ရှုပ်ထွေးလွန်းသည့် မိသားစုအခြေအနေကို ကြားသည့်အခါ သူမက မနှစ်သက်ပုံမပြခဲ့ပါ။ ဒီလိုမိသားစုကြီးကို ထောက်ပံ့ပေးနေရသည်မှာ သူ့အတွက် ခေါင်းခဲစရာဖြစ်မည်ဟု သူမခံစားရသည်။ သူဟာ မိဘတွေကို စောင့်ရှောက်ရရုံတင်မကဘဲ မောင်နှမအငယ်လေးများ၏ ပညာရေးကိုပါ ထောက်ပံ့နေခဲ့ရသည်လေ။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Onde histórias criam vida. Descubra agora