59

5.4K 883 22
                                        

Unicode Ver

၅၉။ ကျွန်မက ကျန်းကျားဆန်းရဲ့ မယားငယ်ပါ

'ကျန်းကျားဆန်းမှာ သူ့ကိုကယ်မယ့် မြောင်မြောင်ရှိသေးတယ်။ ဒါပေမယ့် ငါကရော? ငါ့မိဘတွေက သူတို့ကိုသိက္ခာချတယ်ထင်ပြီး လာတောင်တွေ့တော့တာ မဟုတ်ဘူး။ ငါ့မှာရွေးချယ်စရာ မရှိတော့ဘူး'

ရွှယ်မန်မန်က ဆုံးဖြတ်ချက်ချလာသော်လည်း ကျန်းကျားဆန်းကို တွေ့သည့်အခါ အနည်းငယ်လန့်သွားသည်။ အထူးသဖြင့် အခုလိုအခြေအနေတွင် ပိုဆိုးသည်။

သို့သော်လည်း အခုလိုတွေ့လိုက်သည့်အခါ သူမ၏ဆုံးဖြတ်ချက်မှန်ကြောင်းကို ရှက်ရွံ့စွာပဲ ခံစားလိုက်ရသည်။

သူမသည် သက်ပြင်းချကာ
"တရားသူကြီးမင်းတို့ ကျန်းကျားဆန်းက သူ့ရာထူးကို အသုံးချပြီး ငွေအလွဲသုံးစားလုပ်တာကို ကျွန်မသက်သေပြပေးနိုင်ပါတယ်။ ကုန်ကြမ်းဝယ်တဲ့ တချို့ကုမ္ပဏီတွေက သူ့ကိုလာဘ်ထိုးရတာလည်း ရှိပါတယ်။ သူ့ဘဏ်စာအုပ်က သူ့စံအိမ်မှာ ရှိပါတယ်"

"ဒါတွေကို ဘယ်လိုလုပ် သိတာလဲ?"
တရားသူကြီးက မေးသည်။

ရွှယ်မန်မန်သည် သက်ပြင်းချကာ နှုတ်ခမ်းကိုကိုက်ပြီး
"ကျွန်မက သူ့ရဲ့မယားငယ်ပါ။ အဲ့ဒါကြောင့် ဒီလိုကိစ္စတွေကို ကျွန်မကို သူကပြောပြပါတယ်"

ချလပ်  ချလပ်. . .
သတင်းထောက်များက ဓာတ်ပုံတဖြတ်ဖြတ် ရိုက်ကြသည်။ ငွေအလွဲသုံးစားလုပ်သည့်ကိစ္စထက် ဒီလိုဖောက်ပြန်သည့်ကိစ္စက လူသိတ်ဝင်စားမှု ပိုရနိုင်သောကြောင့် ဖြစ်သည်။
'မယားငယ်က အမှု့ကိုဖော်လိုက်တာ။ ဒါကတော့ သတင်းအကြီးစားပဲ'

ရွှယ်မန်မန်ပြောလိုက်သည့်အခါ ကျန်းကျားဆန်း၏ ဒေါသများသည် ပေါက်ကွဲသွားသည်။

လူတိုင်းကြောင်အနေသည့်အချိန်မှာ ရွှယ်မန်မန်ဆီသို့ ပြေးသွားသည်။ ထို့နောက် သူမ၏လည်ပင်းကိုညှစ်ကာ အော်ဟစ်တော့သည်။
"ရွှယ်မန်မန် နင်ကများ ငါ့ကိုသစ္စာဖောက်ရဲတယ်! မိန်းမပျက်!"

ရွှယ်မန်မန်၏ မျက်နှာသည် လည်ပင်းညှစ်ခံနေရသဖြင့် ခရမ်းရောင်သန်းလာသည်။ သူမသည် ကျန်းကျားဆန်း၏ လက်များကို ဖယ်လို့ရရန် အတင်းရုန်းနေသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora