14

6.2K 964 26
                                        

Unicode Ver

၁၄။ ထန်ချန်းမြို့နယ်ကအိမ်

"သြော် ဒါနဲ့ ဖေဖေက စက်ရုံတစ်ခုလုံး  ကျွန်မကို တာဝန်ယူခိုင်းတော့မယ်တဲ့သိလား။ အဲ့ဒါကြောင့် စက်ရုံမှာပဲ အချိန်ကြာကြာရှိနေရတော့မှာ"
နဥ်ရှုက ပြောသည်။

ကျန်းကျားဆန်းက သူမစကားကိုကြားသည့်အခါ စိတ်ငြိမ်အောင် ထားလိုက်နိုင်သော်လည်း မျက်နှာကတော့ ပျက်သွားသည်။

ကုမ္ပဏီ၏ အရေးကြီးဆုံးအပိုင်းမှာ စက်ရုံပင် ဖြစ်သည်။ ဒီဇိုင်နာတို့က စက်ရုံတွင်ပဲ အလုပ်ချိန် အများဆုံး ရှိကြသလို ကုမ္ပဏီတစ်ခုလုံးသည် စက်ရုံကြောင့်သာ လည်ပတ်နိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် ကုမ္ပဏီကို ပိုင်ဆိုင်ရန် စက်ရုံသည်က အကောင်းဆုံးတက်လမ်း ဖြစ်သည်။

ကျန်းကျားဆန်းက မျက်နှာထားကို ချက်ချင်းပြင်ကာ စိတ်ပူစွာဖြင့်
"စက်ရုံကြီးတစ်ခုလုံးကို ကိုင်တွယ်တော့မှာလား? အရင်တုန်းကလည်း မလုပ်ဘူးဘဲနဲ့ မင်းအရမ်းပင်ပန်းသွားမှာကို ကိုယ်စိုးရိမ်တယ်"

"ရပါတယ်။ ဖေဖေက ကူညီမှာပေါ့"
နဥ်ရှုက အပြုံးလေးဖြင့် ပြောလိုက်သည်။ ကျန်းကျားဆန်း၏ မျက်နှာကြီးမှာ ပိုမှိုင်းကျသွားသည့်အခါ သူမ၏ အပြုံးမှာ ပိုတောက်ပလာသည်။

စားပွဲခုံအောက်တွင် ကျန်းကျားဆန်းသည် သွေးကြောတွေ ထောင်ထသည့်အထိ လက်သီးကိုတင်းနေအောင် ဆုပ်ထားသည်။ သို့သော်လည်း မျက်နှာကတော့ ပြုံးနေကာ
"ချစ်ဇနီးလေးက တကယ့်ကို တော်တာပဲ။ တစ်ခုခုလိုရင် ကိုယ့်ဆီကလည်း အကူအညီ လာတောင်းလို့ရတယ်နော်"

"အင်းပါ"
နဥ်ရှုက ခပ်ဖွဖွပြုံးလိုက်သည်။ သုမ၏စိတ်ထဲတွင် ဘယ်လောက်ရွံရှာမိနေပါစေ ဟန်ဆောင်ကာ ပြုံးထားရသည်။

ထို့နောက် နဥ်ရှုက အတွင်းရေးမှူးဆီသို့ လျှောက်သွားကာ သူမ၏မျက်မှန်ကို ဆွဲချွတ်လိုက်သည်။ ထိုအခါမှ eye makeupမှအစ သေချာခြယ်သထားသည်ကို သိလိုက်ရသည်။ သူမ၏ မျက်လုံးအနက်ရောင်များသည် တက်ကြွသည့်သူလို တောက်ပနေသော်လည်း စိတ်သောကရောက်နေသည့် သဏ္ဌာန်များကိုပါ နဥ်ရှုက တွေ့လိုက်ရသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Opowieści tętniące życiem. Odkryj je teraz