29

5.2K 836 21
                                    

၂၉။ မျှမျှတတလုပ်

ကျန်းကျားဆန်းက အိမ်ထဲတွင် အလံနီဖြင့် ပျံသန်းကာ အိမ်ပြင်တွင်တော့ ရောင်စုံအလံဖြင့် ပျံသန်းရာတွင် ကျွမ်းကျငငလွန်းသည်။ သို့သော်လည်း ဒါတွေအားလုံးဟာ မြောင်မြောင်ကို အလွယ်တကူ လှည့်ဖြားနိုင်ခဲ့ခြင်း အပေါ်တွင်သာ တည်ဆောက်ထားသည်။

မြောင်မြောင်က ကျန်းကျားဆန်းမှာ ဖောက်ပြန်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။ သူမသည် ကျန်းကျားဆန်းကို ရှင်းပြစရာမလိုအောင် ယုံကြည်ခဲ့တာ ဖြစ်သည်။

နဥ်ရှုကတော့ ကျန်းကျားဆန်းမှာ ညသန်းခေါင်ယံကြီး အိမ်မှအလုပ်သမားနှင့် ဘာပြောနေသလဲကို သိချင်နေသည်။
'အလုပ်သမားနဲ့ သူဘာလုပ်စရာ ရှိလို့လဲ?'

အန်တီပင်းကိုတော့ စောင့်ကြည့်ဖို့ လိုနေပြီ။

ကျန်းကျားဆန်းက နဥ်ရှုကို ပွေ့ခေါ်သွားကာ ကုတင်ပေါ်တွင် ချပေးကာ လှဲစေသည်။ ထို့နောက် သူမ၏ခြေပြောင်လေးများကို လက်ဖြင့်ကိုင်ကာ သူ့ရင်ဘတ်ပေါ်သို့ ကပ်လိုက်သည်။

နဥ်ရှုသည် ရုန်းသော်လည်း ကျန်းကျားဆန်းက ပြန်ဆွဲထားကာ သူ့ရင်ဘတ်ပေါ်တွင် ခြေထောက်ကို ဆက်တင်စေသည်။ ထို့နောက် အလိုလိုက်သည့်အသံဖြင့်
"မလှုပ်နဲ့။ ခုနက အောက်ထပ်ကို ခြေပြောင်နဲ့ ဆင်းလာတယ်မလား? ကိုယ်ခြေထောက်ကို နွေးအောင် လုပ်ပေးမယ်။ မဟုတ်ရင် အအေးမိလိမ့်မယ်"

ကျန်းကျားဆန်း၏ကိုယ်က နွေးထွေးနေသည်။ ထို့ကြောင့် နဥ်ရှုလည်း ခြေဖျားလေးများ တဖြည်းဖြည်း နွေးလာတော့သည်။

နဥ်ရှုက မျက်မှောင်ကျုံကာ ကျန်းကျားဆန်းအား ကြည့်လိုက်သည်။
'ဒီအကောင်ကတော့. . .'

'မြောင်မြောင်က သူ့ဆီမှာ အချစ်ရူးမလေး ဖြစ်သွားတာ မဆန်းတော့ပါဘူး!'

နဥ်ရှုက ကျန်းကျားဆန်း၏ ရင်ဘတ်ပေါ်တွင် အားနာခြင်းကင်းစွာ ဆက်တင်ထားလိုက်သည်။ ထိုရင်ဘတ်က နွေးနေသည် ဖြစ်သောကြောင့်ပင်။

ကျန်းကျားဆန်းက ခပ်ဖွဖွရယ်သည့်အခါ ရင်ဘတ်က လှုပ်လာသည်။ ထိုအခါ နဥ်ရှုက
"ဘာဖြစ်လို့ ရယ်တာလဲ?"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora