25

5.6K 874 30
                                    

Unicode Ver

၂၅။ အလုပ်ရုံဒါရိုက်တာတဲ့လား?

နောက်နေ့မနက်တွင် ကျန်းကျားဆန်းက သူ့ယောက်ဖကိုခေါ်ကာ ကုမ္ပဏီသို့သွားသည်။ နဥ်ရှုကို သွားတွေ့သည့်အခါ သူမက စက်ရုံသို့ သွားနှင့်နေသည်။

ထိုအခါ ကျန်းကျားဆန်းက သူ့ယောက်ဖအား စက်ရုံသို့ ခေါ်သွားရတော့သည်။

ကျန်းကျားဆန်းက သူ့ယောက်ဖအား အလုပ်တစ်နေရာပေးရန် နဥ်ရှုအား ပြောသည််အခါ နဥ်ရှုက လောဘအပြည့်ဖြင့်စက်ရုံကို ကျီးကန်းတောင်းမှောက် ကြည့်နေသည့် ထန်ဟီယုကို တွေ့လိုက်ရသည်။ သူမသည် စိတ်ထဲကနေ လှောင်ရယ်လိုက်သည်။

ကျန်းကျားဆန်းက နဥ်ရှုဘာမှပြန်မပြောသည့်အခါ
"သဘောတူတယ်မလား?"

နဥ်ရှုက အပြုံးလေးဖြင့်
"ရှင်ပြောပေးနေမှတော့ ကျွန်မက သေချာပေါက်ကို နေရာတစ်ခုပေးရမှာပေါ့"

"ဒါဆိုရင် မင်းပဲစီစဉ်ပေးလိုက်တော့။ နေ့လည် ကုမ္ပဏီကို ပြန်မှာမလား? ကိုယ်တို့လက်စုံမစားရတာကြာပြီ။ မင်းကြိုက်တဲ့ အနောက်တိုင်းစားသောက်ဆိုင်ကို သွားကြမယ်။ ကိုယ်ဝယ်ကျွေးမယ်"
ကျန်းကျားဆန်းက နဥ်ရှု၏ပုခုံးပေါ်လက်တင်ကာ နွေးထွေးစွာ ပြောသည်။

နဥ်ရှုက ကျန်းကျားဆန်း၏ ချစ်ချင်ယောင်လုပ်ပြနေမှုကို လျစ်လျူရှုကာ လက်ပတ်နာရီကို ငုံကြည့်လိုက်ပြီး
"သွားလို့မရလောက်ဘူး။ လုပ်စရာတွေ ရှိသေးတယ်။ အတူစားဖို့ကိစ္စကိုနောက်မှပြောကြတာပေါ့"

ကျန်းကျားဆန်း၏ မျက်နှာတွင် မကျေနပ်မှုတွေက ပေါ်လာသည်။
'အရင်တုန်းက ငါက မြောင်မြောင်ရဲ့ ကမ္ဘာကြီးပါ။ အခုတော့ သူကတနေ့လုံး အလုပ်ပဲသိတော့တယ်'

ကျန်းကျားဆန်းက အလွန်တရာဝမ်းနည်းစိတ်ပျက်နေသည့်ပုံဖြင့်
"ချစ်ဇနီးလေးက အလုပ်ရူးဖြစ်သွားပြီ။ ကိုယ်ဘယ်လိုလုပ်ရမလဲ? ကိုယ်စွန့်ပစ်ခံလိုက်ရသလိုပဲကွာ"

နဥ်ရှုကလည်း ပြုံးပြကာ
"စိတ်ပူမနေပါနဲ့။ ရှင့်ကိုစွန့်ပစ်စရာလား"
'ဒီလောက်လွယ်လွယ်မရဘူး!'

ကျန်းကျားဆန်းထွက်သွားသည့်အခါ သူမအား မျက်နှာချိုသွေးနေသည့် ထန်ဟီယုကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ပစ္စည်းသယ်ယူပို့ဆောင်သည့်နေရာတွင်ခန့်ရန် လုပ်လိုက်သည်။ သူ့အလုပ်က ပစ္စည်းများကို ကားပေါ်သို့တင်ရမှာ ဖြစ်သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Opowieści tętniące życiem. Odkryj je teraz