27

5.3K 857 20
                                    

Unicode Ver

၂၇။ အဆင့်တစ်ပဲ

ကျန်းကျားဆန်းက စိတ်ရှည်လက်ရှည်ဖြင့် ကျန်းမိသားစုက သူမအား မိသားစုအဖြစ် သတ်မှတ်ပုံများကို ရှင်းပြသည်။ ထို့ကြောင့် သူတို့၏စကားများက ရိုင်းကာ ဒီလိုအပြုအမူများ လုပ်သည်က သူမအား ဆုံးမချင်၍သာ ဖြစ်သည်။ သူတို့၏ စကားများက နားမခံသာစရာ ဖြစ်သော်လည်း သူမ၏အကျိုးအတွက်သာဖြစ်သည်ဟု ပြောသည်။

နဥ်ရှု : . . .
'ဒါဆိုရင်လည်း ကျေးဇူးပြုပြီးတော့ ငါ့ကိုမိသားစုဝင်လို မဆက်ဆံပါနဲ့တော့! ငါဒီလို နှိပ်ဆက်ခံချင်စိတ် မရှိဘူး'

နဥ်ရှု၏ မျက်နှာမှာ မဲ့ရွဲ့သွားသည်။
'ကျန်းကျားဆန်းက အဓိကအကြောင်းကနေ ခေါင်းရှောင်ပြီးတော့ မဆိုတာတွေကို အသေးစိတ်လိုက်ပြီးတော့ အရမ်းပြောတာပဲ'

ကျန်းကျားဆန်း၏ အမှိုက်ကောင်ဆန်မှုတွေက နဥ်ရှု၏ အမှိုက်ကောင်စာရင်းကို အသစ်ဖြစ်စေသည်။ ကျန်းကျားဆန်းသည် အမှိုက်ကောင်နံပတ်တစ်သာ ဖြစ်သွားသည်။

အမှိုက်ကောင်ကို ကြောက်စရာတော့ မလိုပင်မယ့် ပညာတက်တဲ့ အမှိုက်ကောင်ကိုတော့ ကြောက်သင့်သည်။ ထို့ကြောင့် နဥ်ရှုမှာ ကျန်းကျားဆန်းကို ဘယ်လိုပြန်ခံပြောရမလဲတောင် မသိတော့ပေ။

ကျန်းကျားဆန်းက နဥ်ရှုပါးစပ်ပိတ်နေသည်ကို မြင်သည့်အခါ ပုခုံးလေးကိုပုတ်ရင်း
"စိတ်မဆိုးပါနဲ့တော့ ဟုတ်ပြီလား? စိတ်ကောက်တာများရင် ရုပ်ရင့်လာလိမ့်မယ်။ ဒီနေ့အိမ်ပြန်လာပါတော့ကွာ"

နဥ်ရှုက ခေါင်းငုံထားရင်း မျက်လုံးကို ခိုးလှန်လိုက်မိသည်။ ထို့နောက် ခေါင်းခါကာ
"ပြန်လို့မရသေးဘူး။ ဖေဖေက ငွေစာရင်းစစ်နေလို့ ကူညီပေးနေရတယ်"

"ငွေစာရင်းစစ်တယ်လား? ဘယ်တုန်းကလဲ? ဘာဖြစ်လို့ ရုတ်တရပ်ကြီး ထစစ်နေတာလဲ?"
ကျန်းကျားဆန်းက အံ့သြသွားသည်။
"ကိုယ်လည်း မသိရပါလား?"

"နှစ်ရက်လောက်တော့ရှိပြီ။ ဖေဖေက အရင်နှစ်တွေက ကုမ္ပဏီမှာ အမြတ်ဘယ်လောက်ကျန်လဲ သိချင်လို့"
နဥ်ရှုက လက်တန်းလိမ်ပြောလိုက်သည်။
"အဲ့ဒါကြောင့် ကျွန်မလည်း ကူညီနေရတာ"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora