45

5.2K 840 18
                                    

Unicode Ver

၄၅။ ပျော်စရာမိသားစုဘဝလေး ဖြစ်နေမှာ

ကျန်းကျားဆန်းသည် အမုန်းတရားများဖြင့် ကြီးပျင်းလာခဲ့ရသူဖြစ်သည်။ အောင်မြင်မှုအတွက် ဆူးခင်းလမ်းကနေ လျှောက်ခဲ့ရသူဖြစ်သည်။ ထို့ကြောင့် သူ့ရင်ထဲက အနက်ဆုံးနေရာတွင် မြောင်မြောင်အား မနာလိုမုန်းတီးနေသည်။ အဖြူထည်လေး မြောင်မြောင်၏ အရှေ့တွင် သူ့ဘဝကြီးက အစွန်းအထင်းများလှသည်။ သူ့စိတ်ထဲတွင် ကိစ္စအများစုက ရှုပ်ထွေးနေသည်။

ကျန်းကျားဆန်းက ရွှယ်မန်မန်ကို ကြိုက်ရင်တောင်မှ ရွှယ်မန်မန်က သူ့လိုလူစားမျိုးမလို့သာ ဖြစ်သည်။

မြောင်မြောင်ကတော့ ဖျက်စီးပစ်ချင်လောက်အောင်လှသည့် အလှလေးဖြစ်သည်။ ထို့ကြောင့် ကျန်းကျားဆန်းသည် မြောင်မြောင်အား အကုန်လုံးဆုံးရှုံးသွားစေမည့် ငရဲသို့ ဆွဲခေါ်သွားခဲ့တာ ဖြစ်သည်။

"နင်တကယ် မြောင် မြောင်မြောင်ကို ချစ်သွားတာလား?"
ကျန်းကျားဆန်းသည် ဘာမှပြန်မဖြေသည့်အခါ ရွှယ်မန်မန်က ဆိတ်ဆိတ်နေကာ ဝန်ခံသည်ဟုထင်ပြီး မျက်ရည်များစီးကျလာသည်။ သူမသည် ခေါင်းကိုမော့ကာ ထိန်းလိုက်သော်လည်း မျက်ရည်တို့က ကျဆဲပင်။

ကျန်းကျားဆန်းက သက်ပြင်းချကာ ရွှယ်မန်မန်၏ မျက်ရည်တို့ကိုသုတ်ပေးရင်း ညင်သာစွာဖြင့်
"ဒီလိုမဟုတ်ပါဘူး။ ငါမြောင်မြောင်လို မိန်းကလေးမျိုးကို မကြိုက်ဘူး။ ငါနင့်လိုလူပဲကြိုက်တာ။ မြောင်မြောင်ကို ဘယ်တုန်းကမှ ငါမကြိုက်ခဲ့တာကိုတော့ သေချာပေါက် ငါပြောရဲတယ်"

ရွှယ်မန်မန်က ထိုစကားကိုကြားမှ ပြုံးသွားကာအချစ်ရည်လွှမ်းသော အကြည့်တို့ဖြင့်
"ငါဘာအဆင့်ရောက်နေပါစေ ဂရုမစိုက်ဘူး။ နင်နဲ့အတူရှိရရင် ရပြီ"

"ငါသိပါတယ်"
ကျန်းကျားဆန်းက သက်ပြင်းချသည်။

ကျန်းကျားဆန်း၏ CEOရာထူး လွှဲပြောင်းခံရခြင်းပွဲက သိပ်မကြာခင်မှာပဲ ရောက်ရှိလာခဲ့သည်။ နဥ်ရှုက ကျန်းကျားဆန်းအား ကုမ္ပဏီရှိအကြီးအကဲများအရှေ့တွင် တရားဝင်ကြေညာကာ လွှဲပြောင်းပေးတော့မည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Nơi câu chuyện tồn tại. Hãy khám phá bây giờ