67

9.3K 1K 45
                                    

Unicode Ver

၆၇။  လောကကြီးက အရမ်းလှတယ်

ကျန်းမိသားစုက ထပ်ပြီးတော့ ပွဲရှာနေကြခြင်းကို နဥ်ရှုက သည်းမခံနိုင်တော့ပေ။ လူတိုင်းက အားနည်းသည့်သူကို သနားတက်ကြသည်။ လူတွေက ကျန်းမိသားစုမှာ သူတို့သားကို ငယ်ငယ်ရွယ်ရွယ်တွင် အဆုံးရှုံးခံရသည့် လူကြီးတွေဟု မြင်သွားကြလျှင် ကျန်းကျားဆန်းလုပ်ခဲ့သည့် ပြစ်မှုများကို မေ့သွားကြမှာ ဖြစ်သည်။

ပြီးတော့လည်း သူမက ပိုက်ဆံမပေးချင်ပေ။ ကျန်းမိသားစုက သွေးစုပ်နေကြသည့် မျော့များဖြစ်သည်။ တစ်ခါလောက် ပိုက်ဆံရသွားသည်နှင့် နောက်အကြိမ်ပေါင်းများစွာ ထပ်တောင်းနေလိမ့်မည်။ ပိုက်ဆံပေးလိုက်ခြင်းက မှားယွင်းသည့် လုပ်ရပ်ဖြစ်သည်။ သူတို့လိုလူတွေက သွေးတွေအကုန်စုပ်ရရင်တောင် ကျေနပ်ရောင့်ရဲမှုမရှိကြသည့်သူများ ဖြစ်သည်။

ကျန်းကျားဆန်း၏ အဖေလက်ထဲတွင် ငွေရှိနေမှန်း သူမသိသည်။ သို့သော် သူမပြန်မယူရခြင်းမှာ ၂ချက်ရှိသည်။ ပထမအချက်မှာ ထိုငွေက မစို့မပို့လေးသာ ဖြစ်၍ဖြစ်သည်။ နောက်တစ်ချက်မှာ သူမအရမ်းရက်စက်စွာ လုပ်နေပါက မြောင်မြောင်၏ ဖြူစင်သည့်ဂုဏ်လေး ပျက်စီးသွားမှာ စိုးရိမ်၍သာ။ မမျှော်လင့်သည်များ ဖြစ်မလာလျှင် မြောင်မြောင်က ကုမ္ပဏီကို အမွေဆက်ခံမှာ ဖြစ်နေပြီ။

မြောင်မြောင်သည် စီးပွားရေးကို ထိန်းသိမ်းဖို့အတွက် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရလိမ့်မည်။ ထိုအခါ သူမ၏ဂုဏ်သတင်းက မကောင်းပါက အဆင်မပြေဖြစ်နိုင်သည်။

ကျန်းကျားဆန်းမရှိပါက ကျန်းမိသားစုသည် ရွံ့ထဲက မျော့သာသာပဲ ဖြစ်သည်။ နဂါးဖြစ်မလာနိုင်ပေ။ မြောင်မြောင်သည် ကျန်းမိသားစုကို သူမမနည်းဖြင့် သူမထပ်ရှင်းရနိုင်သေးသည်။ နဥ်ရှုလေ့လာပေးထားသည့် စီးပွားရေးဗဟုသုတတွေကတော့ နဥ်ရှုထွက်သွားလည်း မြောင်မြောင်ဆီတွင် ကျန်နေခဲ့မည် ဖြစ်သောကြောင့် အဆင်ပြေနိုင်ပါသည်။

ဟူး~~~
နဥ်ရှုက သက်ပြင်းရှည်ချလိုက်သည်။ ဒီတာဝန်သည် ပြီးလောက်ပြီထင်သည်။ သူမ၏ မိဘနှစ်ပါးဟာ ရှင်သန်နေသည်။ ယောက်ျားပဲ ဆုံးရှုံးလိုက်ရတာ ဖြစ်သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Onde histórias criam vida. Descubra agora