26

5.9K 901 36
                                        

Unicode Ver

၂၆။ မိသားစုဝင်တစ်ယောက်

ရွှယ်မန်မန်က အံ့သြသွားကာ
"ဦးလေးနဲ့ ဒေါ်လေး ရောက်နေတာလား? ငါသွားတွေ့ရမလား?"

"မလိုဘူး။ ပိုရှုပ်သွားလိမ့်မယ်။ ငါ့အတွင်းရေးမှူးအနေနဲ့ ငါ့မိဘတွေကို လာတွေ့လို့ မရဘူး"
ကျန်းကျားဆန်းက ပြောသည်။ ကိစ္စတွေက အခုရှုပ်နေသည်ဖြစ်ကာ ရွှယ်မန်မန်ကပါ ထပ်ပတ်သက်ဆက်နွှယ်မလာစေချင်ပေ။

ရွှယ်မန်မန်က စိတ်ညစ်သွားကာ
"ဘာဖြစ်လို့လဲ? အကြောင်းပြချက် တစ်ခုခုရှာလိုက်ပေါ့။ မြောင်မြောင်က တုံးတာပဲကို။ သူဘာမှ သိမှာမဟုတ်ပါဘူး"

"မြောင်မြောင်ကတော့ တုံးတယ်။ ဒါပင်မယ့် သူ့မိဘတွေကမတုံးဘူး။ လိမ္မာစမ်းပါကွာ"
ကျန်းကျားဆန်းက အခိုင်အမာပြောသည်။

ကျန်းကျားဆန်းက သူမ၏တည်ရှိမှာကို သူမိဘတွေအား ပေးမသိစေချင်သည့်အခါ အလိုက်သတိ အလျှော့ပေးလိုက်သည်။ ကျန်းကျားဆန်း၏ မျက်နှာထားမကောင်းသည့်အခါ
"ဒီနေ့ ငါ့ဆီလာပြီး နည်းနည်းလောက် စိတ်လျှော့သွားပါလား?"

ကျန်းကျားဆန်းက ဘာမှပြန်မပြောပေ။ သူ့မျက်လုံးများက ကျဥ်းမြောင်းနေကာသာ သိနေသည်။

ရွှယ်မန်မန်က ကျန်းကျားဆန်း၏ ဒီလိုအမူအယာကို မြင်သည့်အခါ အကြံကြီးကြံနေမှန်း သိလိုက်သည်။ သူမတို့က တက္ကသိုလ် အတူတက်ခဲ့ကြသဖြင့် ကျန်းကျားဆန်း၏အကျင့်ကို သိလေသည်။

သို့သော်လည်း ကျန်းကျားဆန်း၏ အတွေးထဲမြောနေသည့် ဘေးတိုက်ပုံစံက ဆွဲဆောင်မှုပြင်းလွန်းသည်။

ကျန်းကျားဆန်းက အခုတလော စိတ်ပင်ပန်းကာ လူပါနှုံးချိနေသည်။ အလုပ်ပြီးသည့်နောက် ရွှယ်မန်မန်နှင့်အတူ ထန်ချန်းအိမ်သို့သွားကာ ရေချိုးခန်းထဲတွင် နာရီဝက်လောက် အစပျိုးခံခဲ့သည်။ ထို့နောက် ရွှယ်မန်မန်၏ သူမဆီမှာနေစေချင်သည့် ကြိုးပမ်းမှုများကို လျစ်လျူရှုကာ နှစ်သိမ့်စကား အနည်းငယ်ပြောပြီးနောက် ဘောင်းဘီပြန်ဝတ်ကာ ပြန်လာခဲ့သည်။

လက်ရှိအခြေအနေသည် သူ့အတွက် မကောင်းပေ။ ကျန်းကျားဆန်းက သူ့အားမနာခံကာ အာခံသည့်သူ မရှိစေချင်ပေ။ သူ့အတွက် လက်ရှိမြောင်မြောင်၏ စိတ်အခြေအနေက မလွယ်ကူသလို ဖြစ်စေသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Opowieści tętniące życiem. Odkryj je teraz