49

5.1K 851 19
                                    

Unicode Ver

၄၉။ အကျိုးအမြတ်အပေါ် အခြေခံတဲ့အချစ်

ရွှယ်မန်မန်ကို သူ့စံအိမ်တွင်သာ ကျန်းကျားဆန်းက နေစေချင်သည်။ သူမအိမ်မှာ ပျင်းလာပါက စိတ်ကြိုက်ဈေးဝယ် ထွက်နိုင်သည်။ ကုမ္ပဏီတွင် သံသယတိုးလာအောင် မလုပ်သ၍ အဆင်ပြေပါသည်။

ရွှယ်မန်မန်မှာ အလုပ်ထွက်ခိုင်းသည်ကို ကြားသည့်အခါ လန့်သွားသည်။ ဘာပဲဖြစ်ဖြစ် သူမကတော့ ဒီလိုတော်တဲ့ယောက်ျားကို ဆက်ဖမ်းထားနိုင်ရန်ဘေးမှာ ကပ်နေချင်သည်။

'အခုတလော ကုမ္ပဏီမှာ ဘွဲ့ရကာစ ချစ်ဖို့ကောင်ပြီး နူးနူးညံ့ညံ့ ကလေးမတွေအလုပ်ဝင်လာသည်။ ငါက ငယ်တော့တာမဟုတ်ဘူး။ ၂၈နှစ်ရှိပြီမလို့ ဒီလိုကလေးမလေးတွေနဲ့ ဘယ်ယှဥ်နိုင်တော့မှာလဲ? အားသာချက်ဆိုလို့ တက္ကသိုလ်တွင် ကျန်းကျားဆန်းနှင့် ချစ်ကြိုက်ခဲ့တာပဲ ရှိတော့တယ်'

"ငါဒီအလုပ်ကိုကြိုက်တယ် ကျားဆန်း။ နင်စိတ်မပူပါနဲ့။ ငါဂရုစိုက်ပါ့မယ်နော်"
ရွှယ်မန်မန်သည် မတရားခံရသူလိုမျိုး ဆက်ခံစားမနေရဲတော့ပေ။ ထို့ကြောင့် စိတ်အမြန်ထိန်းကာ ကျန်းကျားဆန်းအား သဘောတူဖို့ ကလေးလိုချွဲရတော့သည်။

နောက်ဆုံးတွင် ကျန်းကျားဆန်းက သဘောတူလိုက်သည်။

နဥ်ရှုကတော့ ရုံးခန်းထဲက ထွက်သွားမှသာ အားရပါးရ ရယ်ရလေသည်။

'ကျန်းကျားဆန်းနဲ့ ရွှယ်မန်မန်က ဆင်ကိုမြိုဖို့ကြံနေတဲ့ မြွေလို ဘယ်တော့မှ မရောင့်ရဲနိုင်ကြတဲ့သူတွေပဲ။ ကျန်းကျားဆန်းက မြောင်မိသားစုပိုင်သမျှကို အကုန်သိမ်းဖို့ကြံတယ်။ ရွှယ်မန်မန်ကတော့ မယားငယ်အဖြစ်နေတာကနေ ပြောင်ပြောင်တင်းတင်း သူ့ဘေးမှာနေချင်နေလာပြီ'

'တစ်ကိုယ်ကောင်းဆန်လိုက်ကြတာ'

နဥ်ရှုကတော့ ပြောစရာစကား ဆွံအနေလောက်အောင် ဖြစ်နေသည်။
'မြောင် မြောင်မြောင်က ကျန်းကျားဆန်းကို တကယ်ချစ်ခဲ့တာ။ ကျန်းကျားဆန်းကတော့ လုံးဝဂရုမစိုက်ခဲ့သလို ကြိုက်တောငာမကြိုက်ခဲ့ဘူး။ ရွှယ်မန်မန်ရဲ့ အချစ်က ငွေကြေးနဲ့ ရုပ်ဝတ္တုတွေပေါ်မှာပဲရှိတာ။ တကယ်လို့ ကျန်းကျားဆန်းသာ လက်ရှိအနေအထားကို ရောက်မလာခဲ့ရင် ရွှယ်မန်မန်က သူ့ကိုရွေးမှာတဲ့လား?'

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora