3

6.7K 852 20
                                        

Unicode Ver

၃။ ကျန်းကျားဆန်း၏အိမ်

နဥ်ရှုက သူမဝတ်ထားသည်ကိုငုံကြည့်လိုက်သည်။ အစမှာကောင်းသလို သူမနှင့်လည်း ကွက်တိဖြစ်နေကာ ဒီဇိုင်းကလည်း အရမ်းလှနေသည်။ အလုပ်ကြမ်းလုပ်ရန် ဒီလိုအဝတ်အစားမျိုးက ဝတ်ရန်မသင့်တော်သော်လည်း မူလကိုယ်မှာ ဒီလိုအဝတ်တွေသာ ရှိလေသည်။

မူလကိုယ်သည် အလွန်ရိုးအသည့် မိန်းကလေးဖြစ်သော်လည်း ဖက်ရှင်အမြင်ကတော့ ကောင်းလေသည်။

အခန်းထဲမှထွက်လာသည့်အခါ ကျန်းကျားဆန်း၏အဖေသည် လှေကားပေါ်တွင် ဆေးလိပ်ထိုင်သောက်နေသည်။ သူ့ဘောင်းဘီမှာလိပ်တင်ထားကာ ရွံ့များပေကျံနေသည့် ခြေပြောင်ကြီးဖြင့် ဖြစ်သည်။ ထို့ကြောင့် အခုမှ ယာခင်းထဲက ပြန်လာပုံရသည်။

မြောင်မြောင်၏ ယောက္ခထီးမှာ သူမအား ဘယ်တုန်းကမှ စကားမပြောပေ။ ပြောခဲ့လျှင်လည်း သူ့သားကနေသာ တစ်ဆင့်ပြောလေ့ရှိသည်။

နဥ်ရှုက အဓိကအခန်းသို့ လျှောက်လာသည်။ မနက်စာက စားပွဲပေါ်တွင်တင်ထားကာ နဥ်ရှုကလည်း ဗိုက်ဆာနေသောကြောင့် ဝင်ထိုင်လိုက်သည်။ ကျန်းကျားဆန်း၏ညီမ ကျန်းချင်းချင်းက လျှောက်လာကာ သူမအား
"အဖေတောင် မထိုင်ရသေးတာ ဘာဖြစ်လို့ ဒီမှာအရင်ထိုင်နေတာလဲ?"

နဥ်ရှုက ဒီလိုထုံးစံရှိကြောင်းကို မသိခဲဝမိသောကြောင့် ချက်ချင်းပြန်ထလိုက်သည်။ ထို့နောက် ကျန်းချင်းချင်းက သူမ၏လက်မောင်းကိုလှုပ်ကာ အလိုလိုက်ခံရသည့် ကလေးဆိုးလို
"ညီမလေးကို အမကြီးရဲ့ ညအိပ်ဝတ်စုံပေးမယ်လို့ ပြောထားတယ်မလား"

နဥ်ရှုက ကျန်းညီမလေးကို ကြည့်လိုက်သည်။ အခုလက်ရှိမှာတောင် သူမသည် မူလကိုယ် ဝယ်ပေးထားသည်ကို ဝတ်ထားတာဖြစ်သည်။ ထိုကျန်းညီမလေးသည် မူလကိုယ်မှာရှိသည့် ကောင်းတာမှန်သမျှကို တောင်းလေ့ရှိသည်။ အဝတ်အထည်၊ အိတ်နှင့် ကျောက်ကလစ်လေးတို့ကအစ ဖြစ်သည်။

မူလကိုယ်ကလည်း ပိုက်ဆံတန်ဖိုးကို နားမလည်သူဖြစ်သည်။ ပိုက်ဆံဆိုသည်က သူမအတွက် ကိန်းဂဏန်းသာသာပင်။ သူမမှာရှိသည့် ကျောက်ကလစ်တစ်ခုတောင်မှ အခြားသူများအတွက် အရမ်းဈေးကြီးလွန်းသည့် အရာဖြစ်နေသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Opowieści tętniące życiem. Odkryj je teraz