63

5.6K 904 25
                                        

Unicode Ver

၆၃။ ရင့်ကျက်နေပြီ

"ဖေဖေ သမီးလုံးဝ နာကျင်မနေပါဘူး။ ဘာဖြစ်လို့ အဲ့လိုဖြစ်ရမှာလဲ? ကျန်းကျားဆန်းရဲ့ သရုပ်မှန်ကို ဖော်နိုင်ပြီးတော့ သမီးတို့ကို ဘာမှထိခိုက်အောင် မလုပ်နိုင်တော့လို့ ပျော်နေတာလေ"
နဥ်ရှုက အဖေမြောင်၏ ပုခုံးကို ညီအကိုလိုသွားပုတ်လိုက်ကာ
"ဖေဖေ စိတ်ပူမနေနဲ့။ သမီးက အဲ့ဒီလောက် မပျော့ညံဘူး။ ဒါကိုသင်ခန်းစာယူထားတယ်။ အခုရင့်ကျက်နေပြီ။ မနာကျင်ပါဘူး"

"တကယ်လား?"
အဖေမြောင်က သိပ်ယုံကြည်ပုံမရပေ။

နဥ်ရှုက ခေါင်းငြိမ့်ကာ
"တကယ်ပေါ့"
တစ်ခါသေဖူးခဲ့တော့ မြောင်မြောင်လည်း ရင့်ကျက်နေလောက်မှာပါ။

နဥ်ရှုက ကုမ္ပဏီကို အလုပ်သွားလုပ်သည်။ ကုမ္ပဏီအရှေ့သို့ ရောက်သည့်အခါ ကျန်းကျားဆန်း၏ မိသားစုက ငိုပွဲကြီး လုပ်နေကြပြန်သည်။ ကျန်းကျားဆန်း၏ အမေက သူ့ချွေးမက အိမ်ရောင်းရတဲ့ငွေကို ခွဲမပေး၍ ငိုယိုကာ အပြစ်အော်ပြောနေခြင်းပင်။

ကုမ္ပဏီတစ်ခုလုံးက ကျန်းကျားဆန်း၏ အကြောင်းကို သိနေကြသည်။ ထို့ကြောင့် ကျန်းကျားဆန်း၏ အမေပြောသည်ကို ကြားသည့်အခါ ရွံ့ရှာစက်ဆုပ်မှုက လူတိုင်း၏မျက်နှာတွင် ပေါ်လာသည်။ ကျန်းကျားဆန်းက ဆင်းရဲသည့်သူ ဖြစ်ခဲ့သလို သူပိုင်ဆိုင်သမျှကို အသိမ်းခံရသည့်နောက် သူ့မိသားစုကို ထောက်ပံ့စရာ ဘာငွေရှိမှာလဲ?

နဥ်ရှုက ဒီမိသားစုအား အရေထူသည်ဟု ခံစားမိသည်။
'သူတို့သားက ဒီလောက်လုပ်သွားတာတောင် ဘယ်လိုမျက်နှာနဲ့ ကုမ္ပဏီအရှေ့ကို လာရဲတာလဲ?'

နဥ်ရှုက သူတို့အား ဂရုမစိုက်တော့ပေ။ အလုပ်ပြီးသည့်အခါ ရှေ့နေဆီမှ  ကွာရှင်းစာချုပ် သွားယူလိုက်သည်။

ထို့နောက် စာချုပ်ကို အိတ်ထဲသို့ထည့်ကာ ထောင်သို့ထွက်လာသည်။

ကျန်းကျားဆန်းက ထောင်ဝတ်စုံဖြင့် ပေါ်လာသည်။ ကျန်းကျားဆန်းသည် ဆံပင်တွေအကုန်ရိတ်ထားသည့်ပုံဖြင့် ထွက်လာခြင်း ဖြစ်သည်။

နဥ်ရှုက ဒီလိုမြင်လိုက်ရသည့်အခါ လူမှားသွားကာ ရယ်ချင်လာသည်။
'ဆံပင်နဲ့ ကျန်းကျားဆန်းက တကယ်ချောခဲ့ပင်မယ့် ကတုံးနဲ့ကတော့. . . ကျွတ်. . .'

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя